Part 5

629 57 1
                                    

အပိုင်း (၅)- အဆိပ်ပြင်းတဲ့ယောကျာ်း

"ဟေ့ မင်း မအိပ်သေးဘူးလား"

ရုံချီက စူးမြောင်အာကို မျက်လုံးဖွင့်ကြည့်သည်။

"အာ... သူစိမ်း ယောကျာ်းတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အတူအိပ်ဖို့ မသင့်တော်ဘူးထင်တယ်"

"ကိုယ်မေ့သွားတယ်... ကိုယ် မင်းနဲ့ လက်ထပ်ချင်ပေမယ့် မင်းက ကိုယ့်ကို ငြင်းထားတာပဲ"

ရုံချီက ကုတင်ပေါ်မှ အမြန်ထလာပြီး ကြမ်းပြင်ပေါ်တွင် လှဲအိပ်လိုက်သည်။

"ကိုယ်ဒီမှာပဲ အိပ်လိုက်တော့မယ်"

စူးမြောင်အာသည် တစ္ဆေသရဲများက အအေးမမိတတ်ကြောင်း သိထားသော်လည်း ရုံချီကို မောင်းထုတ်မိခြင်းအတွက် အားတုံ့အားနာ ဖြစ်မိသွားသည်။ သို့သော် ကုတင်ပေါ်သို့ ပြန်တက်ရန်တော့ သူမ လုံးဝ စကားစပြီး မခေါ်ခဲ့ချေ။ ဤသို့ဖြင့် ရုံချီလည်း ကြမ်းပြင်ပေါ်တွင်သာ ငြိမ်ငြိမ်လေး လှဲအိပ်နေတော့သည်။

"ဒီမှာ... ရှင့်အဝတ်အစားကို ကြည့်ရသလောက်ဆိုရင်ချင်မင်းဆက်လူတွေရဲ့ ဝတ်ပုံစားပုံနဲ့ တူနေတယ်... ရှင်အသက်ရှင်နေတုန်းက ဘယ်နှခုနစ်မှာ နေခဲ့တာလဲ"

စူးမြောင်အာသည် ကုတင်ပေါ်တွင် လှဲနေရင်း တိတ်ဆိတ်နေသော လေထုကြောင့် အတန်ငယ် နေရခက်လာကာ ဟိုဟိုသည်သည် လျှောက်မေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ရုံချီက မျက်ဝန်းများကို ပိတ်ထားရင်း ပြန်ဖြေသည်။

"ကိုယ်က ကျားချင်ဘုရင် ထီးနန်းအုပ်စိုးနေတဲ့နှစ်မှာ သေခဲ့တာ... ခုနှစ်အတိအကျကတော့ အရမ်းကြာနေပြီမို့လို့ ကိုယ်လည်း မမှတ်မိတော့ဘူး"

ရုံချီ၏ စကားက အမှန်တရားတစ်ခုလည်း ဖြစ်နိုင်သလို တစ်စုံတစ်ခုကို တမင် ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။ စူးမြောင်အာသည် ရှေးခေတ်သမိုင်းကြောင်းများကို သိပ်မသိသော်လည်း ရုံချီသေခဲ့သည့်နှစ်ကရာစုနှစ်တစ်စုကြာနေပြီဖြစ်ကြောင်းကိုမူ အကြမ်းဖျင်း တွက်ဆတတ်သည်။

စူးမြောင်အာသည် နောက်ထပ် ဘာမေးသင့်ကြောင်းအချိန်ယူ စဥ်းစားပြီးနောက် အလွန် အရေးကြီးသောမေးခွန်းကို ထုတ်မေးလိုက်သည်။

တစ္ဆေသတို့သားWhere stories live. Discover now