Part 15

423 46 1
                                    

အခန်း(၁၅)-ယုန်ဖြူလေးမှသည်မြေခွေးအိုကြီးအဖြစ်သို့

စူးမြောင်အာ ရုံချီကို တစ်ချက်စွေကြည့်လိုက်ရာ ရုံချီက ကျေနပ်စွာ ပြုံးနေဆဲပင်။ ထို့နောက် သူက ခပ်ဖွဖွရယ်မောရင်း စူးမြောင်အာကို အမှန်အတိုင်း ရှင်းပြလာသည်။

"ကိုယ် ဒီကို လမ်းလျှောက်လာတာလေ... မင်းပြန်သွား ပြီးတော့ အရုဏ်မတက်ခင်အထိ သချိုင်းကုန်းထဲမှာ ပဲ တကယ် ငြိမ်ငြိမ်လေးနေခဲ့တာပါ... သွားလို့လာလို့ အဆင်ပြေတဲ့ အနေအထားရောက်မှ ကိုယ်တို့ လာခဲ့ တဲ့ လမ်းအတိုင်း ဒီကိုလမ်းလျှောက်... ... "

သို့သော် ရုံချီသည် သူ စကားနားမထောင်သည့်အတွက် စူးမြောင်အာ စိတ်ဆိုးနေမည်ဖြစ်ကြောင်း ရုတ်တရက် သတိရသွားပြီး လေသံကို တိုးသထက် တိုးသွားအောင် လျှော့လိုက်သည်။

"ဒီလောက်အဝေးကြီးကို လမ်းလျှောက်လာရအောင်ရှင်ရူးနေတာလား"

(မြန်လိုက်တာမှ လိုက်လို့ကို မမှီတော့ဘူး)

မည်သို့ပင်ဖြစ်စေ သူမသည် ရုံချီကဲ့သို့ လမ်းလျှောက်လာရသည်အထိ မတုံးအပေ။ထို့အတူ ရုံချီကို စိတ်ဆိုးသည့်အပြင် အခွားအဓိပ်ပါယျတဈခုကိုပါ အလိုလို သဘောပေါက်သွားသည်။

"မနေ့ညတုန်းက ရှင့်ကို သချိုင်းကုန်းမှာ မနက်စောစော ပြန်လာခေါ်ဖို့အတွက် အထပ်ထပ်အခါခါ သတိပေးတယ်ဆိုတာက ရှင် ကျွန်မကို မယုံလို့မဟုတ်လား... လတ်စသတ်တော့ ရှင်က ကျွန်မ ရှင့်ကို သချိုင်းကုန်းမှာ ထားခဲ့ပြီး ဘယ်တော့မှ ပြန်လာမရှာတော့မှာကို စိုးရိမ်နေတာပဲ"

မူလက စူးမြောင်အာသည် ရုံချီ သူမကို သချိုင်းကုန်းထဲတွင် စောစောပြန်လာခေါ်ခိုင်းရသည့် အကြောင်းအရင်းကို ရုံချီတစ်ယောက်ထဲ မနေလိုခြင်းကြောင့်ဟု ထင်ခဲ့မိသည်။ ယခုတွင်မူ ရုံချီ သူမကို သချိုင်းကုန်းတွင် စောစောပြန်လာခေါ်ရန် နားပူနားဆာလုပ်ရသည့်အကြောင်းအရင်းမှာ သူမကို မယုံကြည်ခြင်းကြောင့်သည်။ ရုံချီ၏ စိတ်ထဲတွင် သူမက သူ့ကို စွန့်ပစ်ပြီး ဆက်မကူညီတော့မည်ကို စိုးရိမ်နေပုံရသည်။ထို့ကြောင့် အရုဏ်တက်ချိန်အထိပင် မစောင့်နိုင်ဘဲ သူမရှိရာသို့အရင်ဆုံးရောက်အောင် ပြန်လာခဲ့သည်။

တစ္ဆေသတို့သားWhere stories live. Discover now