Part 32

260 22 1
                                    

အခန်း(၃၂)-တစ်ကောင်ထဲမဟုတ်ဘူး

ရုံချီလည်း စူးမြောင်အာ တွေးသည့်အတိုင်း တွေးနေပုံရသည်။ သူ၏ မျက်နှာချောချောလေးတွင် တစ်စုံတစ်ခုကို စဥ်းစားနေဟန် အရိပ်အယောင်များ ထင်ဟပ်နေသည်။

"အရင်က ကိုယ်ထင်တာ မှားသွားပုံပဲ... ကျော့မိသားစုရဲ့ပြဿနာက ထင်ထားတာထက်တောင် ပိုရှုပ်နေသေးတယ်"

"ကျော့မိသားစုမှာ တစ္ဆေတစ်ကောင်ထက်မကရှိနေတယ်ထင်တယ်"

နောက်ဆုံးတွင် စူးမြောင်အာ ကောက်ချက်ချလိုက်သည်။ ၎င်းနှင့်ပတ်သတ်၍ ရုံချီမည်သို့တုံ့ပြန်မည်ကို သိချင်သော်လည်း ရုံချီက အထွေအထူး တုံ့ပြန်လာခြင်းမရှိပေ။

"အခုချိန်မှာ အရေးကြီးဆုံးက ကျော့အန်းအန်းကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်ထုတ်လာနိုင်ဖို့ပဲ... ပြောရရင် ကျော့မိသားစုရဲ့ ပြဿနာက တော်တော်ရှုပ်တယ် ပြီးတော့... ."

ရုံချီက စကားပြောနေခြင်းကို ရပ်ပြီး စူးမြောင်အာကို အလေးအနက် စိုက်ကြည့်သည်။

"ကိုယ့်ရဲ့ တစ္ဆေအငွေ့အသက်က အရမ်းအားပြင်းတယ်... ကျော့အန်းအန်းရဲ့ ဝိညာဥ်နဲ့ တွေ့ရင် သူခံနိုင်မှာမဟုတ်ဘူး ကိုယ့်ကို လန့်ပြီးထွက်ပြေးသွားလိမ့်မယ်... အဲ့တာကြောင့် ကိုယ် မင်းအနောက်ကို တစ်ချိန်လုံး လိုက်လာလို့မရဘူး... ဒါပေမဲ့ မင်း တစ်ခုခု ဒုက္ခရောက်နေပြီဆိုရင် ကိုယ် ချက်ချင်းရောက်လာခဲ့မယ်နော်"

ရုံချီက ကတိအထပ်ထပ်ပေးပြီး အားပေးနေသော်လည်း စူးမြောင်အာ၏ စိတ်ထဲတွင် အမျိုးအမည်မသိတစ္ဆေနှင့် တစ္ဆေအဘိုးအိုတို့အကြောင်းကို တွေးမိရုံဖြင့် ကြက်သီးဖြန်းဖြန်းထမိသွားသည်။ ထို့အပြင် သူမနှင့်အတူ ရုံချီ လိုက်မလာနိုင်ကြောင်း တွေးမိလေလေ အားမရှိသလို ခံစားရလေလေပင်။

ငါဘယ်အချိန်ထဲက ရုံချီကို ဒီလောက်တောင် အားကိုးမိသွားပါလိမ့်?

"အိုင်းယား... ဘာတွေစိတ်ပူနေတာလဲ ကျွန်မအတွက် ဒီလောက်ကတော့ အေးဆေးပါ "

စူးမြောင်အာသည် ရုံချီ စိတ်မပူစေရန် ရယ်ကျဲကျဲလုပ်၍ တုံ့ပြန်ပြီး အိမ်သာထဲမှ ပြန်ထွက်လာခဲ့တော့သည်။

တစ္ဆေသတို့သားWhere stories live. Discover now