Part 25

324 38 2
                                    

အခန်း(၂၅)-လှုပ်မယ်ဆိုရင်လည်းကြိုပြောပါလား

စူးမြောင်အာသည် ထိုအမျိုးသမီး၏ စကားကြောင့် ခေါင်းပေါ်တွင် အစက်သုံးစက်တင်သွားရပြန်သည်။

ငါ့ရုပ်က ကလေးထိန်းရုပ်ပေါက်နေလို့လား... တကယ်ဆွံ့မိတယ်

"ဖွီး... မြောင်မြောင် မင်း အခု သိပြီမဟုတ်လား ဝတ်ပုံစားပုံက ဘယ်လောက် အရေးကြီးတယ်ဆိုတာကို"

ရုံချီက သူမကို ကြည့်ပြီး အားပါးတရ ရယ်မောနေသည်။ ရုံချီ၏ ရယ်သံကို စူးမြောင်အာမှလွဲ၍ မည်သူမှ မကြားရပေ။ ထိုရယ်သံကြောင့် စူးမြောင်အာမှာ နှာခေါင်းထဲမှ မီးခိုးထွက်မတတ် ဒေါသထွက်သွားရသည်။

"ချင်ဖုန်း အထင်မှားနေပါရဲ့... သူက ကလေးထိန်းမဟုတ်ဘူး မင်းတို့ဖေကြီး ငှားထားတဲ့ အပနှင်သူတစ်ယောက်ပဲ"

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး တရုတ်ရိုးရာအဝတ်အစားကို ဝတ်ဆင်ထားသော အသံပိုင်ရှင်အမျိုးသမီးက သူတို့ရှိရာသို့ လျှောက်လာသည်။ သူမသည် ကျက်သရေရှိသော အမျိုးသမီးတစ်ဦးဖြစ်သည့်အပြင် ခမ်းနားထည်ဝါလှသော စံအိမ်ကြီးထဲနှင့်သူမ ဝတ်ဆင်ထားသော ဝတ်စုံပုံစံက အမြင်တင့်တယ်စွာ ပနံသင့်လှပေသည်။ သို့သော် သူမကို ကြည့်ရုံဖြင့် အထီးကျန်ဆန်သော အငွေ့အသက်များကို ထူးဆန်းစွာ ခံစားရသည်။

"မမကြီး"

သူတို့၏ နာမည်နှင့် အခေါ်အဝေါ်ကို နားထောင်ကြည့်ခြင်းအားဖြင့် ယခုရောက်လာသော အမျိုးသမီးဟာကျော့မိသားစု၏ အကြီးဆုံးသားဖြစ်သူ၏ ဇနီးဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ကျော့ရှစ်အန်းတွင် သားနှစ်ဦးရှိသည်။ အကြီးဆုံးသားသည် အသယ်ခြောက်ဆယ်ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး နာမကျန်းဖြစ်နေသည့်အတွက် အိပ်ရာထဲတွင် လဲနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ချေပြီ။ ဒုတိယသားကမူ အသက်ငါးဆယ်အရွယ် ကျော့ချင်းယွင်ဖြစ်သည်။

ယခုရောက်လာသော အမျိုးသမီးသည် အကြီးဆုံးသား၏ ဇနီးဖြစ်ပြီး အသက်လေးဆယ်ဝန်းကျင်မျှသာ ရှိသေးသည်။ ထိုအမျိုးသမီး၏ အမည်ကား လင်းမေ့ဖြစ်သည်။

တစ္ဆေသတို့သားWhere stories live. Discover now