Part 39

209 21 0
                                    

အခန်း(၃၉)- ခန်းဝင်ငွေ

"ဖေဖေ... ."

ကျော့ရှောင်ချင်းက ခပ်တိုးတိုး ရေရွတ်သည်။ ယနေ့ညတွင် သူမ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်သည် ဘယ်သောအခါမှ ပြန်မမက်ချင်သော အိပ်မက်ဆိုးပမာ ကြောက်စရာကောင်းလွန်းလှသည်။ သူမကို ကူညီပေးခဲ့သော စူးမြောင်အာကြောင့်သာမဟုတ်ပါက အသက်ပင် ပြန်ပါလာတော့မည်မဟုတ်ပေ။

ကျော့ချင်းယွင်သည် ထိုအသံကို ကြားရမှ ကျော့ရှောင်ချင်းကို သတိရသွားပုံရပြီး တစ်ချက်ပြန်လှည့်ကြည့်ကာ ခေါင်းညိတ်ပြသည်။ သို့သော် ဘာစကားတစ်ခွန်းမျှ မဆိုချေ။ ကျော့ချင်းယွင်၏ တုံ့ပြန်မှုကြောင့် ကျော့ရှောင်ချင်း၏ မျက်ဝန်းတစ်စုံဟာ ဗလာကျင်းသွားရလေသည်။ မကြာမီတွင် သူမ၏ မျက်ဝန်းနက်များထဲမှ ဆည်ကျိုးသကဲ့သို့ မျက်ရည်မိုးများ ရွာသွန်းလာတော့သည်။

"ရှောင်ချင်း အဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ်မြောင်မြောင်... ကူညီပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်နော်"

ကျော့ရှောင်ချင်းက မျက်ရည်များကို လက်ခုံဖြင့် ဖိသုတ်ပြီး သူမ၏ အခန်းထဲသို့ နွမ်းလျစွာ ပြန်ဝင်သွားလေသည်။ စူးမြောင်အာသည် ကျော့ရှောင်ချင်း၏ အထီးကျန်ဆန်သော နောက်ကျောကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

"မြောင်အာ တတ်နိုင်သမျှ အိမ်အမြန်ပြန်ဖို့လုပ်တော့"

စူးတာ့က စူးမြောင်အာကို လူအုပ်ကြားထဲမှ ဆွဲခေါပြီး အခန်းလွတ်တစ်ခုထဲသို့ ခေါ်သွားသည်။ စူးတာ့သည် ကျော့မိသားစု၏ စံအိမ်ထဲမှ တစ္ဆေအုပ်စုကြီးကြောင့် စူးမြောင်အာနှင့်အတူ တတ်နိုင်သမျှ အမြန်ဆုံး လစ်ထွက်ရန် ကြိုးစားနေပုံရသည်။

"ငွေဂဏန်းငါးလုံးပမာဏကိုရော ဘယ်လိုလုပ်မှာလဲ"

စူးမြောင်အာသည် ပျာယာခတ်နေသော ဦးလေးဖြစ်သူကို ကြည့်ပြီး ရယ်ကျဲကျဲဖြင့် စနောက်လိုက်သည်။

"အိုင်းယား ဂဏန်းငါးလုံးမကလို့ ဂဏန်းခြောက်လုံး ပမာဏပဲပေးနေပါစေ ဒို့တူဝရီးရဲ့ အသက်လောက်ဘာမှအရေးမကြီးဘူး... ကျော့မိသားစုရဲ့ အဖြစ်က ရေတိမ်နစ်နေပြီလို့တောင် ပြောလို့ရတယ်... သမီး မနက်စောစောထပြန်လိုက်တော့... ပိုက်ဆံကိစ္စကတော့ လေးလေး နောက်မှပဲ သမီးကို တစ်ခုခု ပြန်စီစဥ်ပေးပါ့မယ်"

တစ္ဆေသတို့သားWhere stories live. Discover now