Part 16

437 42 0
                                    

အခန်း(၁၆)-မေးမြန်းခြင်း

"မြောင်မြောင်က လိမ္မာပါတယ်ကွာ ကိုယ့်အပြုအမူက လွန်သွားတဲ့အတွက်လည်း တောင်းပန်ပါတယ်... ဒီလောကကြီးက လွန်ခဲ့တဲ့ အနှစ်နှစ်ရာတုန်းကနဲ့ မတူတော့ဘူး အများကြီးပြောင်းလဲသွားပြီ... ဘယ်သူ့ကိုမှလည်း ယုံလို့မရဘူး... ကိုယ် ယုံလို့ရတဲ့လူဆိုလို့ တကယ်ကို မြောင်မြောင်တစ်ယောက်ပဲရှိတာပါ"

ရုံချီက သနားကမားရုပ်လေးနှင့် အထပ်ထပ်အခါခါ တောင်းပန်စကားဆိုသည်။

ငါ့နှယ်နော် အရင်ဘဝတုန်းက သူ့အပေါ် ဘာများအကြွေးတင်ခဲ့မိလို့ ဒီဘဝမှာ အလုံးအရင်း လာဆပ်နေရပါလိမ့်!

"အခုထဲက တစ်ခါထဲပြောလိုက်မယ်... နောက်တစ်ခေါက် ဒါမျိုး လုံးဝ လုံးဝ လုပ်လို့မရဘူးနော်"

စူးမြောင်အာ၏ သတိပေးစကားကို ရုံချီက ခေါင်းညိတ်ပြပြီး ကတိပေးသည်။ ရုံချီ၏ အရိပ်သည် မှိန်ဖျော့ခြင်းမရှိတော့ဘဲ စူးမြောင်အာနှင့် စတွေ့စဥ်တုန်းကကဲ့သို့ ရုပ်ခန္ဓာအစစ်နီးပါး ပီပြင်ထင်ရှားစွာ ပေါ်နေသည်။ စူးမြောင်အာကမူ ရုံချီကျေးဇူးကြောင့် ချာချာလည် ခေါင်းမူးသွားရပြီး အမူးပြေသည်အထိ မြေပြင်ပေါ်တွင် ထိုင်နေလိုက်ရသည်။

"မြောင်မြောင် ကိုယ် မင်းကို ပြောထားတယ်မဟုတ်ဘူးလား ဒီလိုမသန့်ရှင်းတဲ့ အစားအသောက်တွေ မစားပါနဲ့လို့... .ဘာဖြစ်လို့ ထပ်ဝယ်လာပြန်တာလဲ"

ရုံချီက စူးမြောင်အာ၏ လက်ထဲမှ ကြက်ဥပန်ကိတ်ကို လက်ညှိုးထိုးပြပြီး အလိုမကျစွာ ပြောသည်။ ဝယ်ယူလာချိန်ကြာမြင့်နေပြီဖြစ်သည့်အတွက် ကြက်ဥပန်ကိတ်လည်း အေးစက်နေပြီဖြစ်သည်။ စူးမြောင်အာသည် လက်ထဲမှ ကြက်ဥပန်ကိတ်ကို နံဘေးသို့ ဆောင့်ကြီးအောင့်ကြီး ပစ်ချပြီး ပက်ခနဲ ပြန်ပြောလိုက်သည်။

"အဲ့တာရှင့်ကြောင့်လေ... ရှင့်ဆီကို လာရမှာဆိုတော့ တခြားဟာဝယ်ရင် ကြာနေမှာစိုးလို့ taxiပေါ်မှာ အလွယ်စားလို့ရမယ့်ဟာပဲ ဝယ်လိုက်တာ... အဲ့တာကို ရှင်က ဒီအထိ ကိုယ့်ဘာသာကိုယ် လမ်းလျှောက်ပြီး ပြန်လာလိုက်သေးတယ်"

တစ္ဆေသတို့သားWhere stories live. Discover now