Chapter-18.1

491 52 1
                                    




သူတို့ စောင့်ဆိုင်းခန်းသို့ရောက်သည်အထိ လော့ချီက အပေါ်အင်္ကျီကို ကိုင်ဆောင်ထားဆဲဖြစ်သည်။ ဘော့စ်၏ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူက လုံးဝမေ့သွားသလိုမျိုး သူမအား မကြည့်လာခဲ့သလို ပြန်လည်းမယူလာခဲ့ပေ။

သူမအဖေနှင့် ဖေရှစ်ရှောင်းကို ပြုစုစောင့်ရှောက်ပေးတဲ့အပြင် ဆန့်ကျင်ဘက် လိင်အဖွဲ့ဝင်တစ်ယောက်အတွက် အ၀တ်အစားတွေကို ဒီလောက်အကြာကြီး သူမ တစ်ခါမှ မကိုင်ပေးထားဖူးခဲ့ပေ။

ဧည့်စောင့်ခန်းကိုရောက်တော့ ကျန်းရှန်းဟယ်က ထိုင်ခုံတစ်ခုံတွင်ထိုင် သူ့လက်တော့ပ်ကိုဖွင့်ပြီး သူ့ပေါင်ပေါ်တင်လိုက်သည်။ ယခုအချိန်တွင် လော့ချီမှာ ဘော့စ်က သူမလက်ထဲက အပေါ်အင်္ကျီကို တကယ်မေ့သွားပြီဆိုတာ သေချာသွားလေပြီ။

အရင်က သူ့အဝတ်အစားတွေကို ကူညီပေးဖို့ အတွင်းရေးမှူးကျွီ ဒါမှမဟုတ် သက်တော်စောင့်ကို မကြာခဏ တောင်းဆိုခဲ့ဖူးတာ ဖြစ်ကောင်းဖြစ်နိုင်တာကြောင့် ၎င်းကို ဂရုစိုက်ပေးတဲ့ တစ်စုံတစ်ယောက်ကို နေသားကျနေတာပဲဖြစ်မည်။

ကျန်းရှန်းဟယ်သည် လက်တော့ပ်၏ ညာဘက်အောက်ထောင့်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ သူသာ သူမကို အပေါ်အင်္ကျီကို ကြာကြာယူခွင့်ပေးထားလိုက်ပါက တမင်သက်သက် လုပ်တဲ့ပုံဖြစ်သွားလိမ့်မည်။

ကျန်းရှန်းဟယ် လှည့်ကြည့်လိုက်ပြီး အခုမှ မှတ်မိသွားဟန်ဆောင်လိုက်သည်။ 'ကျေးဇူးတင်ပါတယ်' ကဲ့သို့သော ယဉ်ကျေးသောစကားလုံးများကို မပြောဘဲ လက်လှမ်းပြီး 'အပေါ်အင်္ကျီ' ဟုသာ ရိုးရိုးရှင်းရှင်းပြောခဲ့သည်။

"ဟုတ်ကဲ့ ဒီမှာပါ"

လော့ချီက သူ့ဆီ ပေးလိုက်သည်။ သူမနှင့် ဘော့စ်ကြားတွင် ထိုင်ခုံအလွတ်တစ်ခုံရှိပြီး ဘော့စ်၏လက်ပ်တော့အိတ်ကို ၎င်းပေါ်တွင် တင်ထားသည်။

ကျန်းရှန်းဟယ်က အပေါ်အင်္ကျီကိုယူကာ သူ့လက်ပ်တော့အိတ်၏အပေါ်တွင် တင်လိုက်သည်။ အင်္ကျီလက်တစ်ဖက်က ထိုင်ခုံအစွန်းတွင် ကျနေလေ၏။ သူက ဘာကိုမှ ဂရုမစိုက်ဘဲ လက်တော့ပ်ကို ဆက်ကြည့်ဖို့ မျက်နှာလွှဲလိုက်သည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now