Chapter - 35.1

211 29 0
                                    


အပိုင်း ( ၃၅-၁ )

'ကိုယ် မှတ်မိပါတယ်' ဆိုတဲ့ သူ့စကားက သူမကို စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားစေခဲ့သည်။ လော့ချီမှာ ဤသည်က ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးခြင်းဟုတ်မဟုတ် သို့မဟုတ် သူတကယ်မှတ်မိနေသလား မသိသော်လည်း သူမအနေနှင့် 'ဥက္ကဋ္ဌကျန်း ရှင်က အဲဒီအစီအစဥ်ကို တကယ်မှတ်မိလား' ဟု မေးရလောက်အောင် မမိုက်မဲလေဘူး။

သူက တကယ်မမှတ်မိဘဲ ယဉ်ကျေးရုံမျှသာဆို ဘယ်လောက်ရှက်စရာကောင်းမလဲ။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌကျန်း"

သူမ သူ့ရုံးခန်းမှ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ ရှောင်ကျန်းက ယခုတွင် တစ်ယောက်တည်း ရပ်တည်နိုင်ပြီဖြစ်ပြီး ဥက္ကဋ္ဌရုံးခန်းတွင် လက်ရွေးစင်များဖြစ်ကြသည့် အခြားလူများစွာရှိနေသည်။

"စိတ်မပူပါနဲ့ ဥက္ကဋ္ဌကျန်း ကျွန်မ ဒီလထဲမှာ အလုပ်ကောင်းကောင်း လွှဲပေးလိုက်ပါမယ်"

အဆုံးတွင် ရွေ့ဖူဆေးဘက်ဆိုင်ရာ အထွေထွေမန်နေဂျာရာထူးကို သူမရနိုင်ခဲ့လျှင်ပင် သူမက ယွမ်ဝေရုံးချုပ်တွင် ဆက်နေတော့မည်မဟုတ်ဘဲ ဌာနခွဲရုံးသို့သွားရန် လျှောက်ထားမည်ဖြစ်သည်။ ဌာနခွဲတွင် သင့်လျော်သော ရာထူးမရှိပါက ယွမ်ဝေ၏ကုမ္ပဏီခွဲများနှင့် လက်အောက်ခံကုမ္ပဏီများတွင် သူမနေရန် နေရာ အမြဲရှိနေပါလိမ့်မည်။

အကယ်၍ ကျန်းယွဲ့ရူသာ သူမကို ဒီလောက်မကြင်နာရင် ယွမ်ဝေအုပ်စုမှာ လုံးဝနေနိုင်မှာမဟုတ်။ ကျန်းရှန်းဟယ်က နောက်ပြောင်တဲ့ လေသံတစ်ဝက်ဖြင့်

"မင်း ဥက္ကဋ္ဌရုံးခန်းမှာ လွမ်းဆွတ်ရမဲ့အရာများ မရှိဘူးလား"

"ရှိတာပေါ့ ရှင်နဲ့အလုပ်တွဲလုပ်ရတာ ပျော်ရွှင်ရပါတယ်"

"မင်းပြောတဲ့စကားက မင်းဆန္ဒနဲ့မကိုက်ညီတာသေချာလား"

"......"

"မင်းက ကိုယ်နဲ့ပျော်နေတယ်ဆိုမှတော့ အဆင်မပြေတဲ့နေရာကို ဘာလို့သွားတာလဲ ကိုယ် မင်းကို လစာတိုးပေးမယ်လေ"

"ဥက္ကဋ္ဌကျန်း... ကျွန်မကို မနောက်ပါနဲ့"

ကျန်းရှန်းဟယ်သည် 'ကိုယ် နောက်နေတာမဟုတ်ပါဘူး' လို့ ပြောလိုက်ချင်သည်။ သို့သော် သူက သူမအား အလန့်တကြားဖြစ်စေမှာကို သေလောက်အောင် ကြောက်ရွံ့နေပါ၏။ သူက ပြုံးပြီး သူမကို အလိုလိုက်ခဲ့သည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now