Chapter - 21.2

410 39 0
                                    




ကျန်းရှန်းဟယ်၏ရုံးခန်းမှ ထွက်လာပြီးနောက် လော့ချီသည် အတွင်းရေးမှူးကျွီကို သွားတွေ့သည်။ အတွင်းရေးမှူးကျွီမှာ နေ့လည်စာစားရန် အချိန်ပင်မရှိ၊ လွှဲပြောင်းပေးစရာ အလုပ်တွေများလွန်းနေပါ၏။

"ဆရာမ"

လော့ချီက တံခါးဘောင်ကို ပေါ့ပေါ့ပါးပါး ခေါက်လိုက်သည်။ တံခါးပွင့်နေပြီဖြစ်၍ အတွင်းရေးမှူးကျွီက သူမအား စိတ်ပါလက်ပါ ကြိုဆိုလိုက်ပြီး

"ဝင်ပြီးလာထိုင်လေ အသီးတွေရှိလို့ ကိုယ့်ဘာသာပဲ ယူစားလိုက်တော့နော်"

"မလိုပါဘူး"

လော့ချီက တံခါးဝမှာ ရပ်လိုက်ပြီး အထဲဝင်မလာခဲ့။

"ညနေပိုင်း ရှင်အားတယ်ဆိုရင် ကျွန်မကို ဖုန်းဆက်လို့ရတယ် ဥက္ကဌကျန်းရဲ့အလုပ်အလေ့အထတချို့ကို ကျွန်မမေးမလို့ပါ"

"မင်း ငါ့ဆီမလာရင် ငါ မင်းဆီလာတော့မလို့ပါပဲ"

အတွင်းရေးမှူးကျွီက အသံတိုးလိုက်ပြီး

"ဒီည ငါ ဒုက္ခပင်လယ်ထဲက ထွက်သွားပြီးတာနဲ့ သူ့အကြောင်းကို ညည်းညူတော့မယ် မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"

လော့ချီက ပြုံးပြီး

"ကျွန်မကို ဖုန်းခေါ်လိုက်ပါနော်"

သူမက အတွင်းရေးမှူးကျွီကို အနှောင့်အယှက်မပေးတော့ဘဲ သူမရုံးခန်းကို ပြန်သွားလေသည်။

လော့ချီမှာ လွှဲပြောင်းပေးစရာ အလုပ်အများကြီးမရှိ ၊ ကျန်းယွဲ့ရူ၏မူလအလုပ်အများစုကို ကျန်းရှန်းဟယ်က သူမနေမကောင်းသောအခါတွင် လွှဲပြောင်းရယူခဲ့သည်။ သူမ ကျန်းရှန်းဟယ်ထံသို့ သွားသောအခါတွင် ဆက်စပ်ပရောဂျက်များကို ထိန်းသိမ်းနိုင်ပြီး လွှဲပြောင်းပေးစရာမလိုဘဲ ဆက်လက်လုပ်ဆောင်နိုင်သည်။

ကျန်တာတွေကို နောက်ဒုဥက္ကဋ္ဌရဲ့လက်ထောက်ကို လွှဲပေးလိုက်မည်။

ညနေပိုင်း လော့ချီ အိမ်ပြန်ရောက်သောအခါ အတွင်းရေးမှူးကျွီ၏ဖုန်းက ကတိအတိုင်း ဝင်လာခဲ့သည်။ အတွင်းရေးမှူးကျွီသည် ကုမ္ပဏီတွင် အချိန်ပိုအလုပ်ဆင်းနေသေးသော်လည်း ဤသည်မှာလည်း အရေးကြီးသောအလုပ်ဖြစ်သောကြောင့် သူမက alarm ပေးထားပြီး လော့ချီကို ခုနစ်နာရီခွဲတွင် ဖုန်းဆက်ခဲ့သည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now