Chapter - 34.2

212 29 0
                                    


အပိုင်း ( ၃၄-၂ )

ညနေငါးနာရီတွင် နေက အလွန်အားကောင်းနေသေးပြီး အပြင်ဘက်တွင် 30 ဒီဂရီကျော် ရှိနေသည်။ ဦးထုပ်ဆောင်းထားသော်လည်း လော့ချီ၏မျက်နှာမှာ ပူထူနေပါသည်။

ကျန်းရှန်းဟယ် ကားဆီသို့သွားကာ ထီးကိုယူလိုက်သည်။ စူကျိုးမှာတုန်းက မိုးရွာနေချိန် သူမကိုဆောင်းပေးခဲ့တဲ့ထီးနဲ့ အတူတူပါပဲ။ သူတို့ ဟိုတယ်မှထွက်သွားတော့ သူက ငွေပေးချေပြီး အိမ်ပြန်ခိုင်းလိုက်သည်။

အနက်ရောင် လက်ကိုင်ရှည်ထီးနှင့်ပတ်သက်၍ ဘာမှထူးထူးခြားခြား မရှိသောကြောင့် လော့ချီက ၎င်းကို မမှတ်မိလိုက်ပေ။ လော့ချီက စိုက်ပျိုးရေးကိရိယာတပ်ဆင်ရန် ထိုနေရာ၌ ထိုင်ချလိုက်ပြီး ကျန်းရှန်းဟယ်ကမူ သူမဘေးနားတွင် ငုတ်တုတ်ထိုင် ထီးကိုကိုင်ကာ နေရောင်ကိုတားဆီးရန် သူမဘက်သို့ စောင်းပေးထားလိုက်သည်။

ခြံဝန်းသည် တိတ်ဆိတ်နေပြီး သူတို့ကြားတွင် ပို၍ပင် တိတ်ဆိတ်နေသည်။ ကျန်းရှန်းဟယ်က မေး၏။

"ဒီလိုပူတဲ့နေ့တွေမှာ ပျိုးပင်တွေ အညှောက်ပေါက်တဲ့အခါ နေရောင်နဲ့ မလောင်ကျွမ်းသွားဘူးလား"

လော့ချီ ထိုစကားကိုကြားသောအခါတွင် သူမသည် ခေါင်းကိုလှည့်ကာ သူ့မျက်လုံးများကို ကြည့်လိုက်မိသည်။ သူမဟာ အလျင်အမြန် နောက်သို့လှည့်ကာ ဘာမှမဖြစ်သကဲ့သို့ စက်ကိရိယာကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

"ကျွန်မလည်းမသိဘူး ကျွန်မရဲ့သခွါးပျိုးပင်တွေကတော့ အေးခဲပြီး သေသွားခဲ့တယ်"

အပူဒဏ်ကြောင့် သူတို့သေသွားမှာလား ဆိုတာကတော့ သူမရဲ့အတွေ့အကြုံကို အခြေခံပြီး မပြောနိုင်သေးပေ။

"အဆင်ပြေပါတယ် ကိုယ် အရိပ်ရအောင်လို့ နေကာထီးလေးတွေကို အန်တီချိုင်ကို မေးလိုက်မယ်"

ပူပြင်းတဲ့ရာသီဥတုကြောင့်လား ဒါမှမဟုတ် ကျန်းရှန်းဟယ်ကြောင့်လားဆိုတာ သူမမသိပေမဲ့လည်း အစေ့တွေကို စိုက်ပြီးတဲ့အခါ လော့ချီမှာ ချွေးတွေ အလျှံပယ်ထွက်နေပြီး သူမရဲ့တီရှပ်နောက်ဘက်မှာလည်း စိုစွတ်နေလေသည်။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now