Chapter -33.2

231 27 0
                                    


အပိုင်း ( ၃၃-၂ )

လော့ချီ၏လက်ကိုင်ဖုန်း ရုတ်တရက် မြည်လာသည်။ ဘော့စ်ပဲ...

ကျန်းရှန်းဟယ်သည် သူမအလုပ်ဆင်းချိန်တွင် အရေးကြီးတာတစ်ခုခုမရှိရင် သူမကို ဖုန်းခေါ်ခဲသည်။ သူမက ချက်ချင်းပြန်ဖြေ၏။

"ဥက္ကဋ္ဌကျန်း"

"မင်း စားသောက်ဆိုင်မှာလား"

"....ဟုတ်"

"ကိုယ် မင်းရဲ့ကားကိုတွေ့လို့"

အထက်လူကြီးနှင့် လက်အောက်ငယ်သားနှင့်မတူဘဲ လေသံမှာ ရိုးရိုးရှင်းရှင်းသာ..

"ရှင့်မှာ ကျွန်မအတွက် အလုပ်ရှိလို့လား"

"မရှိပါဘူး ချင်မော့လင်နဲ့ကိုယ်က ညစာစားဖို့လာခဲ့တာ မင်း ကတ်ကို ယူလာတာလား"

"ယူလာတယ်"

"ဒါဆို ပြီးရင် မင်းက ကိုယ့်စားပွဲအတွက် ပိုက်ဆံရှင်းလိုက်လို့ရတယ် ပြေစာမလိုဘူး"

"ကောင်းပါပြီ"

တခြားဘာမှပြောစရာမရှိတော့သဖြင့် လော့ချီက ဖုန်းချတော့မည်ဖြစ်သော်လည်း ကျန်းရှန်းဟယ်က သူမကို ထပ်မေးလာ၏။

"မင်း အရက်သောက်ထားသေးလား"

"မသောက်ထားပါဘူး"

"ကောင်းတယ် မင်း အရက်အလွန်အကျွံသောက်ရင် ဆေးရုံပြန်တက်ရလိမ့်မယ်"

အဲဒီနောက် ကျန်းရှန်းဟယ်က ဖုန်းချလိုက်သည်။ လော့ချီသည် သူမလက်ထဲတွင် ဖုန်းကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ရင်း မှင်တက်သွားကာ စိတ်လှုပ်ရှားလွန်းသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကြိမ်းမောင်းခဲ့သည်။ မသောက်တတ်သူ ရှောင်ကျန်းသာဆိုလျှင်လည်း ဘော့စ်က စိုးရိမ်ကြောင်းပြပြီး လျှော့သောက်ရန် ပြောလိမ့်မည်။

ဘော့စ်က အခု အောက်ထပ်မှာရောက်နေသည် - သူမ အောက်ထပ်ဆင်းပြီး သူ့ကို တွေ့သင့်သလား?

အရင်တုန်းကတော့ အလုပ်ဆင်းပြီးနောက်တွင် သူမက ဘော့စ်နှင့်ကြုံခဲ့မည်ဆိုပါက တတ်နိုင်သလောက် ပုန်းနေလိမ့်မှာပဲ။ သို့သော် မည်သို့ပင်ဆိုစေကာမူ ယနေ့ ပုန်းအောင်းရန် မစဉ်းစားခဲ့ပေ။ သူမ 'မင်္ဂလာပါ' လို့ ပြောရမလား မပြောရမလား ငြင်းခုံနေချိန်မှာပဲ ကျန်းရှန်းဟယ်ရဲ့မက်ဆေ့ခ်ျ ဝင်လာ၏။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now