Chapter - 33.3

154 20 0
                                    


အပိုင်း ( ၃၃-၃ )

နောက်ဆုံးတွင် ကျန်ဟန့်ရောက်လာသောအခါ လော့ချီသည် ဧည့်ခန်းထဲတွင် တစ်ယောက်တည်း TV ကြည့်နေသည်။ ကျန်ဟန့်၏လှပသောအသွင်အပြင်ကို မြင်ရသောအခါ တစ်ချိန်က ကျန်ဟန့်အသုံးချခံလိုက်ရသော ချင်မော့လင်သည် အဘယ်ကြောင့် ဒုတိယအကြိမ် ဘလိုင်းဒိတ်တွေ့ရန် ဆန္ဒရှိနေဆဲဖြစ်သည်ကို နောက်ဆုံးနားလည်သွားခဲ့သည်။

သူမနှင့်ကျန်ဟန့်တို့သည် ချက်ချင်း ပလဲနံပသင့်ကာ စကားမဆုံးနိုင်တော့ပေ။

ကျန်ဟန့်သည် Lemon တွင် ၎င်း၏ လုပ်ငန်းဌာနတစ်ခု၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ချင်မော့လင်သည် ဘီလီယံရာနှင့်ချီတန်သော အများပိုင်စာရင်းဝင် အဖျော်ယမကာကုမ္ပဏီ Lemon Inc. ၏ သူဌေးကြီးနှင့် အဓိကစတော့ရှယ်ယာရှင်ဖြစ်သည်။

ကျန်ဟန့်က တာဝန်ယူခဲ့သည့် လုပ်ငန်းဌာနသည် ကာဗွန်နိတ်အချိုရည်များကိုသာ အာရုံစိုက်ထားသည်။ ကျန်ဟန့်က လော့ချီကို မေး၏။

"Lemon ဆိုဒါသောက်ဖူးလား"

လော့ချီက ခေါင်းညိတ်ပြီး

"အရင်က သောက်ဖူးတယ်"

"အရသာမရှိဘူးမဟုတ်လား?"

"......"

"ပုလင်းက အရမ်းရုပ်ဆိုးတယ်"

လော့ချီသည် ကျန်ဟန့်က သူမကုမ္ပဏီ၏ ထုတ်ကုန်များနှင့်ပတ်သက်၍ အပြင်းအထန် ပြစ်တင်နေမည်ဟု မမျှော်လင့်ထားပေ။ သူတို့နှစ်ဦးသည် ဆိုဒါအချိုရည်အမျိုးမျိုး၏ အရသာနှင့် ပုလင်းဒီဇိုင်းများကို ဆွေးနွေးခဲ့ကြသည်။ အဆုံးတွင် သူမတို့က ဆက်သွယ်ရန်အချက်အလက်များကို ဖလှယ်ပြီးဖြစ်သည်။

ချင်မော့လင်နှင့် ကျန်ကျုံးကျွင်းတို့ တစ်ပြိုင်နက် အိမ်ပြန်ရောက်ချိန် ခုနစ်နာရီထိုးလုနီးပြီ။ စားစရာအဆင်သင့်ဖြစ်ပြီမလို့ လက်ဆေးပြီး အားလုံးထိုင်စားကြသည်။

လော့ချီက ကျန်ဟန့်၏ဘေးတွင်ထိုင်ကာ ဘော့စ်နှင့်အလှမ်းဝေးချင်သော်လည်း အခြားတစ်ဖက်တွင် နေရာလွတ်ကျန်နေသေးသောကြောင့် ကျန်းရှန်းဟယ်က ဝင်ထိုင်လိုက်သည်။ ကျန်ကျုံးကျွင်းက အရွက်ထုပ်ဝက်သားလိပ်ကို ဧည့်ခံ၏။ လော့ချီက ဤဟင်းကို အထူးကြိုက်နှစ်သက်ကြောင်း သူ မသိခဲ့သဖြင့် နေရာလွတ်တွင်သာ ချထားလိုက်သည်။ လော့ချီနှင့်အဝေးဆုံးမှာ ထားလိုက်သဖြင့် သူမအတွက် တစ်ခုခုယူရန် အဆင်မပြေခြင်းနှင့်သာ အဆုံးသတ်သွားခဲ့ရသည်။

7years Secret Love ( ဘာသာပြန် )Donde viven las historias. Descúbrelo ahora