Chapter - 33.1

181 27 0
                                    


အပိုင်း ( ၃၃-၁ )

ထိုနေ့မွန်းလွဲပိုင်းတွင် သူမအလုပ်မှဆင်းသောအခါ လော့ချီသည် အိမ်သို့ ဦးစွာပြန်လာပြီး ချူလင်းထံယူသွားရန် သခွားသီးအနည်းငယ်ခူးသည်။ လော့ယွီက ဒီနေ့ အလုပ်နောက်ကျနေတာကြောင့် အချိန်ကျလာသောအခါ သူမကိုကြိုရန် သူမကုမ္ပဏီသို့ လော့ချီသွားလိုက်သည်။

သူမရောက်ခါနီးတွင် သူမ၏ဝမ်းကွဲထံသို့ အသံမက်ဆေ့ချ် ပို့၏။

လော့ချီ : [ ယွီပေါင် နင် အခု ဆင်းလာလို့ရပြီ ]

လော့ယွီ : [ ဆင်းလာပြီ! ]

လော့ယွီသည် သူမ၏အိတ်ထဲတွင် တက်ဘလက်ကို ထည့်ပြီး ရုံးတံခါးမှထွက်သွားသည်နှင့် ပါတီအေရဲ့ဒယ်ဒီကြီးနှင့် မျက်နှာချင်းဆိုင် တိုးလေတော့သည်။ သူမ၏ဝမ်းကွဲက သူမတွင် ချစ်သူရှိနေပြီဟု Wechat Moments တွင်ကြေငြာပြီးကတည်းက လော့ယွီမှာ ဤဘိုးဘေးလေးနှင့် မျက်နှာချင်းဆိုင်ခြင်းမရှိပေ။

( T/N : ဒယ်ဒီကြီးက လော့ယွီရဲ့ဘော့စ်မဟုတ်ဘူး လော့ယွီတို့ရဲ့ကုမ္ပဏီကို အလုပ်လာအပ်ထားတဲ့ပရောဂျက်ရဲ့ဘော့စ် လော့ယွီက ပရောဂျက်တစ်ခုကြောင့် ပေကျင်းရောက်နေတာလေ ပြောရမယ်ဆိုရင် client ပေါ့ )

ဝမ်းကွဲဖြစ်သူက အမှန်တကယ် မချစ်ချင်တော့ကြောင်း ပြသရန် ဤအတိုင်းအတာအထိ သွားခဲ့သောကြောင့် သူမဝမ်းကွဲ၏ခံစားချက်ကို လျစ်လျူရှုပြီး တစ်စုံတစ်ဦးနှင့်တွေ့ဆုံရန် အတင်းအကြပ်မဖြစ်နိုင်ပေ။

မူလက သူမသည် သူမ၏ဝမ်းကွဲအတွက် သင့်လျော်သောချစ်သူကို ရှာဖွေရာတွင် အလွန်တက်ကြွခဲ့ပြီး သူမသည် ပါတီအေရဲ့ဒယ်ဒီကြီးကို အတိအကျ ပစ်မှတ်ထားခဲ့သည်။ သို့သော် သူက သူမ၏ဝမ်းကွဲကိုပင် မတွေ့ဆုံရသေးသည့်အပြင် ငြင်းပယ်ခံရပြီးဖြစ်သည်။

"မစ္စတာဟဲ့ ကျွန်မ ရှင့်အတွက် ဘာလုပ်ပေးရမလဲ"

"ကိုယ့်အတွက် မင်းဘာလုပ်ပေးနိုင်တယ်ဆိုတာ မမှတ်မိဘူးလား"

လော့ယွီက ရယ်ရယ်မောမောဖြင့်

"ဟုတ်ပါတယ် ကျွန်မက ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေပါလိမ့်နော်? ပရောဂျက်အပြင် ကျွန်မက ရှင့်အတွက် ဘာလုပ်ပေးနိုင်မှာလဲ ဟုတ်တယ်မလား"

7years Secret Love ( ဘာသာပြန် )Where stories live. Discover now