Chapter-19.2

466 63 2
                                    





နောက်တစ်နေ့နံနက်တွင် လော့ချီသည် ကျန်းရှန်းဟယ်နှင့်အတူ ဟဲ့ဝမ်ချန်းနှင့် ကိစ္စများဆွေးနွေးရန် ချိန်းဆိုခဲ့သည့် ကီလိုမီတာအနည်းငယ်အကွာရှိ စီးပွားရေးကလပ်တစ်ခုသို့ လိုက်ပါသွားခဲ့သည်။ ဟဲ့ဝမ်ချန်းက အနီးနားရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေပြီး သူမတို့ထက် စောရောက်နေခဲ့သည်။

သူ့သူငယ်ချင်း ဒါရိုက်တာကျောက်ထံမှ လော့ချီနှင့် လောင်ဖေရဲ့သားဖြစ်သူတို့ကြား လမ်းခွဲကြောင်းကို ကြားလိုက်ရသည်။ လော့ချီကို သူနောက်ဆုံးတွေ့ခဲ့တာ ဇွန်လက.. အဲဒီညက ညစာစားပွဲမှာ လူတိုင်းက ဖေရှစ်ရှောင်းနှင့် သူမရဲ့မင်္ဂလာပွဲအကြောင်း ပြောခဲ့ကြ၏။ သုံးလလောက်ကြာတော့ သူတို့နှစ်ယောက် လမ်းခွဲခဲ့ပြီး မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ကြသည်။ ဒါဟာ တကယ့်ကို ဝမ်းနည်းစရာပါပဲ။

လော့ချီက ယနေ့တွင် အလွန်လှပသိမ်မွေ့သောမိတ်ကပ်ကို လိမ်းခြယ်ထားသော်လည်း သူမ၏မျက်လုံးအောက်ရှိ မျက်တွင်းကျနေသောပုံစံကိုတော့ မိတ်ကပ်ဖြင့် ဖုံးကွယ်ထား၍မရပေ။

ဟဲ့ဝမ်ချန်းသည် ကိစ္စများကို ကိုင်တွယ်ရာတွင် လော့ချီ၏ပြတ်သားမှုကို သဘောကျသည်။ သူမ ဖျက်သိမ်းမယ်လို့ ပြောပြီးတာနဲ့ မင်္ဂလာပွဲကို တိုက်ရိုက်ဖျက်သိမ်းလိုက်တာဖြစ်ပြီး စိတ်ပျော့ပြောင်းစရာ ရှိမနေခဲ့လေဘူး။ သူမ၏ကိုယ်ရည်ကိုယ်သွေးသည် စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်ချရန်အတွက် အလွန်သင့်လျော်ပါသည်။

"ရှောင်လော့ မင်း ဘယ်တော့ စူကျိုးကိုပြန်မှာလဲ အပြင်ထွက်ကြရအောင်လေ ကျွန်တော် မင်းကို ကျွန်တော့်မိသားစုက ဂျူနီယာလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"

ဒါက သူမကို ဘလိုင်းဒိတ်တွေ့ရအောင် မိတ်ဆက်ပေးတဲ့ ပုံစံတစ်မျိုးပါပဲ။ ဂရုမစိုက်သောစကားလုံးများသည် အရှက်ရစေရန် ဦးတည်သွားနိုင်ပြီး ဟဲ့ဝမ်ချန်း၏မျက်နှာကိုပင် ထိခိုက်စေနိုင်သည်။

"ကျွန်မလဲ ပြန်သွားချင်ပါတယ်"

နောက်ထပ်ပြောလာရာတွင် လော့ချီက စူကျိုးဒေသိယစကားသို့ ပြောင်းလိုက်ပြီး တောက်တောက်ပပ ပြောလာ၏။

7years Secret Love ( ဘာသာပြန် )Where stories live. Discover now