N

917 35 0
                                    

1ခု
Uni

လူနေထူထပ်တဲ့ပေကျင်းမြို့မှာအလုပ်တစ်ခုရဖို့ကခက်ခဲတယ်။100မှာ20ကအသက်ကြီးသူတွေ 30ကအလုပ်ရှိတဲ့သူတွေ 10က ကျောင်းသားလူငယ်တွေကျန်တဲ့40ကသူ့လိုပဲအလုပ်လက်မဲ့တွေဖြစ်တယ်။ကိုယ့်အားကိုယ်ကိုးနေရတဲ့သူတွေအဖို့တစ်ဝမ်းစားရဖို့အရေးအသေအလဲရုန်းကန်နေကြရတယ်။အလုပ်ရသွားရင်လဲထိုအလုပ်ကိုမြဲမြံအောင်ကြိုးစားရသေး ဘဝဆိုတာတသမတ်ထဲမသွားဘူး အနိမ့်အမြင့်အတက်အကျရှိတယ်လို့ပါးကဆုံးမဖူးတယ်။

လက်ထဲကအလုပ်လျောက်လွှာကိုကိုင်ထားရင်းပလက်ဖောင်းပေါ်လျောက်သွားနေတာဘယ်လောက်ကြာပြီမှန်းမသိ။နဖူးကချွေးစက်တွေကိုသုတ်လိုက်ပြီးခြောက်သွေ့နေတဲ့နှုတ်ခမ်းကိုသပ်လိုက်တယ်။အိမ်ပိုင်ရှင်အားရီကအိမ်လခမပေးနိုင်၍နေ့တိုင်းပူညံနေ​တာကြောင့်အိမ်မပြန်ဖြစ်တာလဲနှစ်ရက်ရှိသွားပြီဖြစ်သည်။ဘယ်ကိုသွားရမှန်းမသိတာကြောင့်အလုပ်လေးတစ်ခုရထားရင်သူ့အတွက်အဆင်ပြေမှာပါ။

သီချင်းသံမြူးကြွကြွကိုကြားတော့လူတွေအုံဝိုင်းနေတဲ့နေရာကိုသွားကြည့်မိတယ်။ကျောင်းသားအရွယ်ကောင်လေးသုံးယောက်ကစည်းချက်နဲ့အညီခန္ဓာကိုယ်ကိုလှုပ်ရှားပြီးပျော့ပျောင်းစွာကနေကြတယ်။သူ့နှုတ်ခမ်းတွေကအလိုလိုပြုံးမိသွားတယ်။လူတွေကအားပေးနေကြပြီးသူလဲအတန်ကြာသည်ထိရပ်ကြည့်နေသည်။ဒီကောင်လေးတွေကိုကြည့်ပြီးအရင်ကအချိန်ကိုတောင်သတိရမိသွားတယ်။သူလဲတစ်ချိန်ကခုလိုပဲလမ်းဘေးမှာသူ့ရဲ့အနုပညာစွမ်းရည်ကိုချပြခဲ့ဖူးတယ်..

ဒါပေမဲ့negativeမှတ်ချက်တွေသာရရှိခဲ့ပြီးဆိုးရွားတဲ့ဝေဖန်ချက်တွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရသည်။သူ့ဘဝရဲ့မှောင်မိုက်ခဲ့တဲ့အချိန်တွေပေါ့..နောက်ဆုံးကိုယ့်ကိုကိုယ်ယုံကြည်မှ​ုပျောက်ကွယ်သွားတဲ့အထိဝါသနာကိုစွန့်လွှတ်ခဲ့တယ်။စားဝတ်နေရေးအတွက်သာရုန်းကန်ခဲ့ပြန်တော့လဲမတည်မြဲတဲ့အလုပ်တွေကြောင့်၅ခုမြောက်အလုပ်ကိုရှာဖွေရတော့တယ်။

သီချင်းသံရပ်သွားတော့လူတွေကလက်ခုပ်သံကျယ်ကျယ်နဲ့အားပေးကြပြီးရှေ့ကပုံးထဲကိုပိုက်ဆံတွေများစွာထည့်ပေးကြတယ်။သူလဲဘောင်းဘီအိပ်ထဲကယွမ်၂၀၀ထုတ်ပြီးပုံးထဲထည့်ပေးလိုက်တယ်။ကောင်လေးတွေရဲ့အနုပညာကိုလေးစားပြီးအကပညာကိုချစ်လို့ပါ။

No Reason ✔Where stories live. Discover now