O

225 22 1
                                    

7ခု
Uni

ဒီနေ့မှာတော့ရိပေါ်ကမီးဖိုချောင်တာဝန်ယူသည်။youtubeကချက်ပြုတ်နည်းကိုဖွင့်ထားပြီးလက်တစ်ဖက်မှာလဲအချက်အပြုတ်လမ်းညွှန်စာအုပ်ကိုကိုင်ထားကာအလုပ်များနေတယ်။အမြဲတမ်းရှောင်းကျန့်ချည်းသူ့အတွက်ချက်ပေးနေရတာဒီတစ်ခါတော့သူကတလှည့်အရသာရှိ​တာတွေကျွေးချင်သည်။

ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးကိုလက်နှီးမပါပဲကိုင်မိတော့သူ့လက်တွေရဲကုန်တဲ့ထိဖြစ်ရတယ်။ကြက်သွန်လှီးတော့ယောက္ခမကအနိုင်ကျင့်ထားသည့်ချွေးမလေးနှယ်တရှံ​ု့ရှုံ့နဲ့မျက်ရည်ထွက်သည်။ဓားကိုင်တော့ဓားရှ အရေးထဲဟင်းအိုးကတူးနဲ့ မီးဖိုခန်းတစ်ခုလုံးဗရုတ်သုတ်ခဖြစ်ကာဆူညံနေလေသည်။

"လွယ်မယ်လို့ထင်ထားတာ ဒီလောက်ခက်ခဲတာကိုရှောင်းကျန့်ကအေးဆေးလုပ်နိုင်တယ်အံ့မခန်းပဲ"

ရိပေါ်ကခေါင်းတငြိမ့်ငြိမ့်နဲ့ရေရွတ်လိုက်သည်။ပြည့်စုံတဲ့ဟင်းတစ်ခွက်ရပြီးတဲ့အခါမှာတော့သူလဲခြေကုန်လက်ပန်းကျသွားတယ် တစ်ခန်းလုံးလဲရှုပ်ပွနေကာမနားနိုင်ဘဲသန့်ရှင်းရေးလုပ်ရတော့တယ်။တစ်အိမ်လုံးရှောင်းကျန့်ဖွထားတာတွေကိုသိမ်းဆည်းရတယ်။ဆိုဖာကမုန့်ခွံတွေနို့ဘူးခွံတွေအမှိုက်ပုံးထဲပစ်ပြီး အခန်းထဲကရှောင်းကျန့်ချွတ်ပစ်ထားတဲ့အဝတ်တွေကိုခြင်းတောင်းထဲထည့်တယ်။ကုတင်အောက်ကအတွင်းခံတွေကိုလက်ညိုးနဲ့လက်မသုံးကာယူပြီးအနံ့ခံကြည့်တယ်။နံလိုက်တာ မလျှော်ပဲပြန်ဝတ်နေတာလားမသိ....ပေတလူးလေးကရေတောင်အာပေါက်မတတ်ချိုးခိုင်းရတာ

သူမရှိခင်ကရှောင်းကျန့်ဘယ်လိုနေလဲမသိပေ။သူရောက်လာတော့ဒါတွေကသူ့တာဝန်ဖြစ်သွားတယ်လူဆိုးလေးကစားသောက်ဖို့ချက်ရုံပင်။သူတို့လက်ထက်ပြီးရင်အိမ်မှုကိစ္စတွေကိုတာဝန်ခွဲယူဖို့တွေးလိုက်တယ်...ဟူးးးးသူကသာလက်ထက်ဖို့ထိတဆုံးတွေးနေတာရှောင်းကျန့်ကခုထိသူ့ကိုနားမလည်သေးပေ။တိုက်ရိုက်ပြောလိုက်ရမလာ

အဝတ်တွေကိုစက်ထဲထည့်လိုက်ပြီးရိပေါ်အတွေးများနေသည်။ထိုချိန်အပြင်ကရှောင်းကျန့်ကခုန်ပေါက်ပြီးပြန်လာတယ်။သူ့နာမည်ကိုအသံပြဲကြီးနဲ့ခေါ်ကာအနားရောက်လာတယ်။တစ်ခုခုပျော်စရာတွေ့လာပုံပဲ

No Reason ✔Where stories live. Discover now