S

242 26 1
                                    

6ခု
Uni

ချစ်သူများနေ့ကမကြာခင်ရောက်တော့မှာမလို့လမ်းထဲမှာလက်ချင်းတွဲထားသည့်စုံတွဲတွေကိုတွေ့ရသည်။ဒီလိုအချိန်ဆိုcouple ပစ္စည်းတွေကိုအရောင်းရဆုံးဖြစ်တယ် ရိပေါ်လဲရှောင်းကျန့်အတွက်လက်ဆောင်လေးတစ်ခုခုဝယ်ပေးဖို့တွေးမိသည်။သူ့ဘေးကဖြတ်သွားတဲ့ယောကျာ်းလေးနှစ်ယောက်အတွဲကိုကြည့်ပြီးနှုတ်ခမ်းတွေကအလိုလိုပြုံးမိသည်။ဒီလောကကြီးရဲ့နေရာတိုင်းမှာအချစ်ရှိတယ် ဖြူစင်တဲ့အချစ်နဲ့အရောင်ဆိုးတဲ့အချစ်ဆိုပြီးတော့ပဲကွဲသွားတာဖြစ်သည်။

လူတွေကမွေးဖွားကာစအရွယ်ကနေဆယ်ကျော်သက်အရွယ်ထိမိဘတွေကိုချစ်တယ် ချစ်သူရည်းစားလေးထားတတ်တဲ့အရွယ်ကနေအိမ်ထောင်ကျပြီးလက်ထက်ကြတဲ့အထိချစ်သူအပေါ်အရောင်ဆိုးထားတဲ့အချစ်နဲ့ချစ်ကြတယ် သားသမီးတွေမွေးဖွားလာတဲ့အချိန်မှာတော့ကိုယ့်ရဲ့ကလေးတွေအပေါ်မိဘနေရာကနေချစ်ပြီးကာကွယ်စောင့်ရှောက်ကြပြန်တယ်။ဒါကြောင့်သူ့အတွက်တော့ဒီလောကကြီးမှာအချစ်တွေနဲ့ပြည့်နေတယ်ဟုထင်မြင်မိသည်။ယောကျာ်းလေးချင်းချစ်လဲအချစ်ပဲ မိန်းကလေးချင်းချစ်လဲအချစ်ပဲ ယောကျာ်းလေးနဲ့မိန်းကလေးချစ်ကြလဲအချစ်ပဲ မိသားစုတွေသူငယ်ချင်းတွေချစ်ကြလဲအချစ်ပါပဲ။ထိုအချစ်ကိုထုတ်ဖော်ပြဖို့အတွက်ချစ်သူများနေ့ကမကြာခင်ရောက်လာတော့မယ်။

"ငါလဲငါ့အချစ်ကိုထုတ်ဖော်ပြရမလာ"

ရိပေါ်ကဆိုင်တစ်ခုထဲဝင်သွားပြီးလက်ဆောင်ပစ္စည်းတွေကိုလိုက်ကြည့်နေသည်။မှန်ဗီရိုမှာလှပစွာစီထားတဲ့နာရီတွေကိုတွေ့တော့သူစိတ်ဝင်စားသွားတယ်။

"နာရီတွေကြည့်ချင်လို့လာ ဒီကနာရီတွေကအရည်အသွေးကောင်းတယ် ဆွစ်ဇလန်ကနေတိုက်ရိုက်တင်သွင်းတာတွေပါစျေးလဲမများသလိုတာရှည်လဲခံတယ်အကြမ်းရောရေရောခံပါတယ် အာမခံက၆လပါ လူကြီးမင်းအနေနဲ့ရွေးရခတ်နေရင်ကျွန်မဒါလေးကိုအကြံပြုချင်ပါတယ်"

ဝန်ထန်းမိန်းကလေးကသူနာရီတွေကိုရပ်ကြည့်နေတာတွေ့လို့ပြောလာသည်။အမှန်ပင်ရွေးရခတ်နေတာမလို့ဝန်ထန်းမိန်းကလေးပြောတာကိုလက်ခံလိုက်တယ်။သူမအကြံပြုတဲ့နာရီကအနက်ရောင်ဒိုင်ခွက်ကိုငွေရောင်ကျောက်လုံးတွေနဲ့ဝန်းရံထားတယ်။အထဲကလက်တံတွေနဲ့ဂဏန်းတွေကိုလဲကျောက်တွေနှင့်သာစီထားတာမလို့အသေးစိတ်လှပသည်။ကြိုးကအနည်းငယ်မိန်းကလေးဆန်ပြီးယောကျာ်းလေးတစ်ယောက်အတွက်ဆိုသေးပေမဲ့ရှောင်းကျန့်ရဲ့လက်ကောက်ဝတ်သေးသေးလေးနဲ့ဆိုသိပ်လိုက်ဖက်မှာအမှန်ပဲ။

No Reason ✔Where stories live. Discover now