R

276 33 0
                                    

3ခု
Uni

သီချင်းလေးတညည်းညည်းနဲ့ရိပေါ်ကမအိပ်ခင်ရေချိုးတဲ့အကျင့်ရှိတာကြောင့်ရေချိုးခန်းထဲဝင်သွားသည်။ကြမ်းပေါ်ကိုဂရုတစိုက်နင်းကာဟိုတစ်ခါလိုမချော်လဲအောင်သတိထားနေရတယ်။ဒါပေမဲ့ရိပေါ်လေးကံဆိုးနေတုန်းပါပဲရေခလုတ်ကိုဆွဲချလိုက်ပေမဲ့ရေကမလာဘူး အပေါ်ကိုမော့ကြည့်ပြီးစိတ်ပျက်စွာသက်ပြင်းချလိုက်သည်

"မထူးတော့ဘူးရှောင်းကျန့်အခန်းမှာပဲသွားချိုးတော့မယ်"

ထိုသို့တွေးလိုက်ပြီးခြေလှမ်းတွေက​သူငယ်ချင်းကြီးရဲ့အခန်းသို့ဦးတည်လေသည်။တံခါးကိုခေါက်ပြီးခေါ်ပေမဲ့အထဲကတုံ့ပြန်သံတစ်စိုးတစ်စိမျှထွက်မလာပေ

"အိပ်သွားပြီလာအစောကြီးရှိသေးတယ်"

တံခါးကိုတွန်းဖွင့်ကြည့်တော့အသာလေးပွင့်သွားသည် ရှောင်းကျန့်ကဘယ်တော့မှတံခါးလော့မချတတ်ဘူး ။ အခန်းထဲဝင်သွားတော့ကုတင်ပေါ်ခြေကားလက်ကားအိပ်နေတဲ့ရှောင်းကျန့်ကြောင့်မျက်နှာအမြန်လွှဲလိုက်မိသည်။ဘာလို့လဲဆိုတော့ရှောင်းကျန့်ခန္ဓာကိုယ်မှာအတွင်းခံဘောင်းဘီတိုလေးတစ်ထည်သာရှိနေသောကြောင့်ပင်။ အနီရောင်ဘောင်းဘီတိုလေးကအရှေ့မှာဘဲဝါရုပ်လေးနဲ့ ချစ်စရာတော့ကောင်းသား။

"ဘာလို့အင်္ကျီချွတ်ပြီးအိပ်နေတာလဲမသိဘူးအအေးပတ်ပြီးလေဖြတ်သွားမှဒုက္ခ "

တစ်ယောက်ထဲပါးစပ်ကဆူပူနေပေမဲ့လဲအဲကွန်းကအအေးချိန်ကိုလျော့ပေးလိုက်သည်။အရပ်လေးမျက်နှာညွှန်ပြနေသလိုခြေဆန့်လက်ဆန့်အိပ်နေတဲ့သူကိုသက်တောင့်သက်သာဖြစ်အောင်လုပ်ပေးလိုက်တယ်။ကန်ချထားတဲ့စောင်ကိုခြုံပေးလိုက်တော့ရှောင်းကျန့်လက်ကတစ်ခုခုကိုလိုက်စမ်းနေသည်..မျက်လုံးကတော့မပွင့်သေး။ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်တော့ကုတင်အောက်မှာကျနေတဲ့ဝက်ခေါင်းရုပ်နဲ့ကလေးဖက်လုံးပိစိလေးကိုတွေ့တယ်။ယုန်ဆိုးလေးကဒါကိုလိုက်ရှာနေတာပဲ

ရိပေါ်ကဖက်လုံးပိစိလေးကိုကောက်ကာရှောင်းကျန့်ဘေးမှာနေရာချပေးလိုက်သည်။မိခင်ရင်ခွင်တွေ့သွားသလိုရှောင်းကျန့်ကဖက်လုံးကိုဖက်ကာခေါင်းတိုးဝှေ့ပြီးပုဇွန်ထုတ်လေးလိုကွေးကွေးလေးနဲ့ငြိမ်သက်သွားသည်။

No Reason ✔Where stories live. Discover now