A

268 33 3
                                    

5ခု
Uni

"ရှောင်းကျန့်"

"ပြော"

ရိပေါ်ကခေါ်လိုက်တော့ဂိမ်းဆော့နေတဲ့ရှောင်းကျန့်ကအဆော့မပျက်ပြန်ပြောလာသည်။ရိပေါ်ကပြောဖို့အရေးအားယူလိုက်ပြီးမှ

"ငါကိုယ်ပိုင်စီးပွားရေးလေးတစ်ခုလုပ်မလားလို့"

"အင်းကောင်းတာပေါ့ဘာလုပ်မှာလဲ"

"ရိုးရာစားသောက်ဆိုင်ဖွင့်ချင်တယ်"

"အော်....ဟမ်!! ဘာ.ဘာ.မင်းဘာပြောလိုက်လဲငါနားကြားမှားတာတော့မဟုတ်ပါဘူးနော်"

ရှောင်းကျန့်ကပထမတော့ရိပေါ်စကားကိုသာမန်ကာလျံကာပြန်ပြောနေပေမဲ့စားသောက်ဆိုင်ဖွင့်မယ်ဆိုတာကြောင့်စပယ်ရှယ်အံ့​ဩသွားသည်။ဂိမ်းဆော့နေတာကိုပါရပ်လိုက်ပြီးအလန့်တကြားကြည့်လာကာရိပေါ်စကားကိုတကယ်ဟုတ်မဟုတ်အတည်ပြုချင်နေသည်။ရိပေါ်ကမျက်နှာကိုအလေးအနက်ထားကာ

"ဟုတ်တယ် ငါတကယ်ပြောနေတာသူများအလုပ်ကိုပင်ပန်းခံရှာနေမဲ့အစားကိုယ်ပိုင်အလုပ် ကပိုအဆင်ပြေမယ်ထင်လို့ "

"ရိပေါ်..စားသောက်ဆိုင်ဖွင့်မယ်ဆိုတဲ့ကိစ္စကလွယ်တာမဟုတ်ဘူးနော် ခုဖွင့်ခုရတာမဟုတ်ဘူးအရင်းအနှီးကလဲအများကြီးလိုသေးတာ"

"ဒီအတွက်စိတ်မပူပါနဲ့ငါ့မှာရှိပါတယ်"

ရှောင်းကျန့်ရဲ့ကျောပြင်ကမတ်သွားပြီးရိပေါ်ကိုထူးဆန်းစွာကြည့်သည်။

"မင်း..ချေးငွေကုမ္မဏီတစ်ခုခုကပိုက်ဆံချေးတာတော့မဟုတ်လောက်ဘူးမလာအဲ့ဒါကအတိုးအရမ်းများလွန်းတယ် ငါတို့ပြန်ဆပ်နိုင်မှာမဟုတ်ဘူး"

"ချေးတာတော့ချေးပေမဲ့ငါ့သူငယ်ချင်းတစ်ယောက်ဆီကပါ မင်းသိမှာပေါ့ ပိုင်ရှန်းကော်လေ သူကအဆင်ပြေမှပြန်ပေးဖို့ပြောတယ်"

ရှောင်းကျန့်ကအထက်တန်းတုန်းကမှတ်ဉာဏ်တွေကိုပြန်တူးဖော်လိုက်သည်။ရိပေါ်နဲ့အမြဲတွဲတဲ့ချစ်စရာမိန်းကလေးကိုတွေ့တယ်။ရှောင်းကျန့်ကခေါင်းငြိမ့်လိုက်ကာ

No Reason ✔Where stories live. Discover now