E

274 34 2
                                    

4ခု
Uni

အလုပ်အင်တာဗျူးရဲ့ရလာဒ်ကိုစောင့်နေပေမဲ့အတော်ကြာသည်ထိမဆက်သွယ်လာတော့အခြေအနေကိုသိလိုက်သည်။အလုပ်လေးတစ်ခုရဖို့အဲ့လောက်တောင်ခက်ခဲနေရသလာ။ရှောင်းကျန့်လဲအလုပ်မရလို့စိတ်ညစ်နေတာတွေ့ရတယ်။ဒီတိုင်းဆက်သွားနေရင်သူတို့ထမင်းငတ်တော့မယ်။

Black holeကော်ဖီဆိုင်တစ်ခုမှာရိပေါ်ကမိန်းကလေးတစ်ယောက်နဲ့အတူထိုင်နေသည်။ရိပေါ်ကစိတ်ပျက်နေတဲ့ပုံပေါက်ပြီးကော်ဖီခွက်ကိုစိတ်မပါစွာဇွန်းနဲ့မွှေနှောက်နေတယ်။

"ရိပေါ် နင့်ပုံစံကဘာဖြစ်နေတာလဲ ရည်းစားပူမိနေတဲ့ရုပ်နဲ့ "

"ငါစိတ်ညစ်နေတာရှန်းကော် အလုပ်ကထွက်ပြီးခုထိအသစ်ရှာမရလို့ ရှောင်းကျန့်ကိုအိမ်လခပေးဖိ​ု့လဲတပြားမှမရှိဘူး တော်သေးတယ်သူကစရံတွေဘာတွေကြိုမယူလို့"

"ရှောင်းကျန့်ကနင့်သူငယ်ချင်းပဲသူနားလည်ပေးမှာပါ"

ပိုင်ရှန်းကော်ကရိပေါ်ပုခုံးကိုပုတ်၍နှစ်သိမ့်ပေးလိုက်တယ်။ရိပေါ်ကအဘိုးကြီးပေါက်စလိုသက်ပြင်းချကာ

"ငါတို့ကအဲ့လောက်မရင်းနှီးဘူးလေ စိုးရိမ်တာပေါ့"

"တစ်အိမ်ထဲအတူနေပြီးမရင်းနှီးဘူးလာ..နင်တို့ဆက်ဆံရေးကတိုးတက်တာကြာလိုက်တာ"

"အဲ့လိုတော့မဟုတ်ပါဘူး...ဘယ်လိုပဲသူငယ်ချင်းဖြစ်ပါစေပိုက်ဆံကပိုက်ဆံပဲ ပြီးတော့အဲ့ကောင်လေးကပိုက်ဆံအရမ်းကြိုက်တာ..ငါဘာသွားလုပ်ရမှန်းမသိတော​့ဘူး"

လူဦးရေထူထပ်တဲ့တရုတ်နိုင်ငံကြီးမှာအလုပ်တွေလဲတအားပေါတယ်။ဒါပေမဲ့အလုပ်ရဖို့တော့မလွယ်ပေ...ရိပေါ်ကိုနားလည်ပါတယ်။ပိုင်ရှန်းကော်ကစဥ်းစားနေပြီးဆုံးဖြတ်ချက်ချလိုက်တယ်..ဟုတ်တယ်သူအဲ့လိုလုပ်လို့မမှားလောက်ဘူး။

"ရိပေါ် နင်သူများအလုပ်တွေကိုရှာမှာထက်ကိုယ်ပိုင်အလုပ်ဖန်တီးလိုက်ပါလာ"

"နင်ပြောတာလွယ်တယ် အဲ့လိုလုပ်ဖို့အတွက်အရင်းအနှီးကနဲတာမဟုတ်ဘူး ငါကဘယ်တွင်းကသွားနှိုက်ရမလဲ"

No Reason ✔Место, где живут истории. Откройте их для себя