O

357 30 1
                                    

2ခု
Uni

ရှောင်းကျန့်ရဲ့ဟင်းချက်စကေးကတမင်အပြောကြီးတာမဟုတ်ဘူးဆိုတာညစာစားတဲ့အချိန်မှာလက်တွေ့ကြုံရသည်။ကောင်းလွန်းလို့မရှိတော့တဲ့မိဘတွေကိုတောင်မေ့ချင်သွားတဲ့အထိပင် ဒီလိုလက်ရာကောင်းကောင်းကိုစားရတာပိုက်ဆံပေးရလဲတန်ပါတယ်။

"ရှောင်းကျန့် မင်းချက်တဲ့ဟင်းတွေကိုစားရတာငါရှေးဘဝကကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ခဲ့လို့ထင်တယ်"

"မှန်တာပေါ့ ငါ့လက်ရာကိုလူတိုင်းမစားရဘူး မင်းကပထမဆုံးပဲ"

ရှောင်းကျန့်ရဲ့စကားကရိပေါ်ကိုကျေနပ်မှုပေးစေသလိုရိပေါ်ရဲ့ချီးကျူးစကားကလဲရှောင်းကျန့်ကိုဂုဏ်ယူမိစေသည်။ညစာ စားပွဲဝိုင်းလေးကနှစ်ယောက်ထဲရှိပေမဲ့ပျော်စရာကောင်းတဲ့မိသားစုလေးလိုနွေးထွေးစေသည်။ရှောင်းကျန့်ရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်တာမမှားယွင်းဘူးထင်တယ် အထီးကျန်နေတဲ့သူ့ဘဝထဲနောက်ဆိုခပ်ဆိုးဆိုးယုန်လေးတစ်ကောင်ကဝင်ရောက်လာမည်​။သူကလဲနှင်ထုတ်ဖို့စိတ်ကူးမရှိပဲလက်ကမ်းကြိုဆိုမှာပါ

ညစာကိုတဝကြီးစားသောက်ပြီးနောက်ရိပေါ်ကဧည့်ခန်းမှာဖုန်းသုံးနေသည်။ရှောင်းကျန့်ကိုပန်းကန်တွေဆေးနေသည်ဟုထင်ပေမဲ့ရှောင်းကျန့်ကစားပြီးသားပန်ကန်တွေကိုဘေလ်စင်မှာဒီတိုင်းထပ်ထားသည်။ရိပေါ်ကတွေ့တော့ခေါင်းအသာခါယမ်းလိုက်တယ်

"ရှောင်းကျန့် ပန်ကန်တွေကိုဒီတိုင်းမထားရဘူးစားပြီးရင်ဆေးရမှာပေါ့ ညဘက်စားပြီးသားပန်ကန်တွေကိုမဆေးပဲတညလုံးထားထာရင်မကောင်းတာဖြစ်တတ်တယ်"

ရှောင်းကျန့်ကရိပေါ်ကိုတလှည့်ပန်ကန်ထပ်ကြီးကိုတလှည့်ကြည့်ကာအားမရှိသလိုညည်းညူပြသည်။

"ညောင်းနေပြီလို့ မနက်ကျမှဆေးလဲရပါတယ်အရင်ကလဲဒီလိုပဲလုပ်နေကျ ဘာမှမဖြစ်ဘူး "

"အခုငါရှိနေပြီမင်းအပျင်းထနေတာကိုလက်မခံနိုင်ဘူး "

"ဟေ့ မင်းကအိမ်ရှင်လာငါကအိမ်ရှင်လာ"

ရှောင်းကျန့်ကဘုဆတ်ဆတ်လေးပြောကာပေကပ်ပြီးရပ်နေတာကြောင့်ရိပေါ်ခေါင်းငုံ့ရင်းခိုးပြုံးမိသည်။မထူးတဲ့အဆုံးသူပဲပုံနေတဲ့ပန်ကန်တွေကိုဆေးပေးလိုက်တယ်။ရှောင်းကျန့်ကဧည့်ခန်းမှာTvကြည့်နေသည်။ပန်ကန်တွေဆေးကြောပြီးသပ်ရပ်စွာပြန်စီလိုက်တယ် မီးဖိုခန်းတစ်ခုလုံးရှုပ်ပွနေတာမလို့အကုန်သန့်ပြန့်အောင်သိမ်းဆည်းပေးလိုက်ပြီးဧည့်ခန်းကိုထွက်လာခဲ့သည်။

No Reason ✔Where stories live. Discover now