N(လမ်းဆုံး/လမ္းဆုံး)

293 25 4
                                    

8ခု
Uni

မိုးစင်စင်လင်းပြီးနေရောင်ခြည်ကတလွင့်လွင့်လိုက်ကာဖြူတွေကိုထိုးဖောက်ဝင်ရောက်နေသည်။ရိပေါ်ကရေချိုးပြီးတဲ့နောက်မှန်ရှေ့မှာရပ်ပြီးအင်္ကျီဝတ်နေတယ်။

"မင်းအဆင်ပြေရဲ့လာ နာနေသေးလား"

မှန်ကနေတဆင့်မြင်နေရတဲ့သူ့အနောက်ကလူကိုလှမ်းမေးလိုက်သည်။ရှောင်းကျန့်ကကုတင်ပေါ်မှာမှောက်ခုံကန့်လန့်ဖြတ်ကြီးအိပ်နေသည်။သူမေးလိုက်တော့ဆူပုတ်ပုတ်နဲ့ကြည့်လာသည်။

"ခွေးကောင် မင်းလာခံကြည့်ပါလာ သူငယ်ချင်းအချင်းချင်းဒီလိုလုပ်ရလား လူယုတ်မာ"

ရိပေါ်ဟက်ခနဲရယ်လိုက်တယ်။အိပ်ယာကနိုးနိုးချင်းအဆဲလေးနဲ့မနက်ခင်းကိုအစပြုနေတာပဲ။ရှောင်းကျန့်နိုးလာရင်သူ့လုပ်ရပ်ကြောင့်မုန်းတီးရွံရှာမယ်လို့ထင်ခဲ့ပေမဲ့ရင်ဘက်ကိုလက်သီးနဲ့ထိုးရုံကလွဲပြီးသူနားမလည်တဲ့ဆဲနည်းပေါင်းစုံနဲ့ဆဲတော့သည်။ကိစ္စမရှိဘူးရိုးနေပြီမလို့မမုန်းတာနဲ့တင်ကျေးဇုတင်မိပါတယ်။

"ငါ့ကိုယုတ်မာတယ်လို့မပြောနဲ့ မင်းအရင်စတာလေဘာလို့ငါ့ကိုအဲ့လိုလာမေးတာလဲ"

"Fuckပဲ ငါကမူးနေတာလေမင်းကလူကောင်းကြီးအသိရှိနေတာပဲဘာလို့ငါ့ကို..ငါ့ကို "

"ငါ့ကိုဘာဖြစ်လဲဆက်ပြောလေ ဟင်"

ရိပေါ်ကအမြင်ကပ်စရာကောင်းလောက်အောင်မျက်ခုံးပင့်၍ပြုံးစိစိလုပ်နေသည်။မျက်နှာကိုဆွဲကုပ်ဖဲ့မိတော့မယ်

"ချီးပဲ ငါမူးနေတာကိုအခွင့်အရေးယူပြီးတက်လုပ်သွားတာလေ!!"

ရှောင်းကျန့်ကပြောတော့ရိပေါ်မအောင့်နိုင်တော့ပဲခွီကနဲရယ်ချတော့သည်။ရှောင်းကျန့်ကမျက်မှောင့်ကြီးကုပ်လို့ဘုကြည့်ကြည့်နေတော့ရိပေါ်ကရှောင်းကျန့်ပါးနှစ်ဖက်ကိုဆွဲညှစ်ထားလိုက်တယ်။

"ဟား..မင်းကတော့ကွာ ဒါဆိုပြောငါအဲ့လိုလုပ်လိုက်လို့မင်းငါ့ကိုမုန်းလာ မခင်တော့ဘူးလာ"

သူမေးလိုက်တော့ရှေ့ကငတုံးလေးကမျက်ဆံ​နက်နက်လေးတောင်ပြေးမြောက်ပြေးနဲ့သေချာစဥ်းစားနေပုံရသည်။ထို့နောက်သူ့ကိုကြည့်ကာခေါင်းကိုဖြေးညင်းစွာခါပြတယ်။သူရင်ထဲလေပြေဝှေ့နေပြီးနူးညံ့စွာပြုံးမိစေသည်။

No Reason ✔Where stories live. Discover now