" စောဇေယျာ "

309 19 12
                                    

>> Unicode <<
~~~~~~~~~~~~

ကျွန်တော်တို့ငယ်စဥ်က သင်ကြားဖူးတဲ့အတိုင်း မျက်လုံးတွေကလှည့်စားတတ်တယ်ဆိုသလိုပဲ။ မျက်လုံးတွေပဲ ဘယ်ဟုတ်ပါ့မလဲ။ ကျွန်တော်တို့ရဲ့ နှလုံးသားကလည်း ကျွန်တော်တို့ကိုလှည့်စားနိုင်ပါတယ်။

တစ်ခု‌သောနွေရာသီရဲ့ နေသာတဲ့နေ့တစ်နေ့မှာ ကျွန်တော်အကို့ကိုတွေ့ခဲ့တယ်။ ကျွန်တော်တို့ရဲ့တွေ့ဆုံမှုက ရိုးရှင်းပါတယ်။ အကိုဟာ ဆိုင်သူနဲ့..။

" ဈာန်နဲ့ ငါက.. တွဲနေတာလေ "

ကျွန်တော့်သူငယ်ချင်းက မိတ်ဆက်ပေးလာတယ်။ ယောက်ျားလေးနှစ်ယောက်တွဲပြီးမြင်ရင်ကို ပျော်နေတတ်တဲ့ သူငယ်ချင်းမလေးရဲ့အသံဆာဆာရယ်၊ ကာယကံရှင်ချစ်သူနှစ်ဦးရဲ့ ကြည်နူးရိပ်တွေရယ်က ကျွန်တော့်တစ်ကိုယ်ရေစာရပ်ဝန်းထဲမှာပြည့်နှက်လို့။ ကိုယ့်အပျော်နဲ့ကိုယ် ပြုံးရွှင်နေတဲ့သူတွေကြား ကျွန်တော်မျက်နှာမပျက်ရဲဘူး။

" မူပိုင့်ရဲ့သူငယ်ချင်းတွေက ကိုယ့်သူငယ်ချင်းပါပဲ၊ နှစ်ယောက်လုံးက ကိုယ့်ထက်ငယ်တော့ ကိုယ့်ကို မင်းတို့ရဲ့သူငယ်ချင်းလိုရော.. အစ်ကိုလိုသဘောထားပေါ့ကွာ "

အကို့နာမည်က ဈာန်လင်းရဝေ ။ စီးပွားရေးဘွဲ့ရထားတယ်။ အလုပ်ကိုင်အတည်တကျရှိတဲ့လူရွယ်တစ်ယောက်။ ကျွန်တော်သိနိုင်သမျှက ဒါပါပဲ။ သူငယ်ချင်းရဲ့ချစ်သူကို နှလုံးသားထဲသိမ်းမိလိမ့်မယ်လို့ ဘဝမှာတစ်ခါမှမတွေးဖူးတဲ့ကျွန်တော့်အတွက် အကို့ကိုချစ်မိသွားတဲ့နေ့ကစပြီး အချစ်သီချင်းတွေက အဓိပ္ပာယ်ရှိလာတယ်။ အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ ပိုအထီးကျန်လာတယ်။ ရာသီဥတုကတော့ ပိုသာပါရဲ့။ ကျွန်တော်ကြိုက်တဲ့ကော်ဖီတွေက ပိုခါးလာတယ်။

" ဒီကောင်က ဘဲရပြီးမှအချိုးတွေပြောင်းနေတာ စောရယ်.. ဆုတောင်းပေးပါတယ်၊ ဘဲပစ်ခံရ‌ပါစေလို့ "

သူငယ်ချင်းမ မိအိမွန်ကတော့ သူ့အကျင့်တိုင်း ပစ်ထားလို့ကောက်တော်မူပါပြီ။ သူငယ်ချင်းတွေ ရည်းစားရသွားရင်ပြောင်းလဲတတ်တယ်ဆိုတာ အမှန်ပဲ။ သုံးယောက်တည်းရှိတဲ့အဖွဲ့ထဲ ရည်းစားရသွားတဲ့သကောင့်သားလေးဟာ ကျွန်တော့်တို့ကိုစွန့်ပစ်ပြီး သူ့ချစ်သူဆီပဲပြေးတယ်။ ဒါပေမဲ့ သူတို့အချင်းချင်းတော့ အဆင်ပြေကြတဲ့ပုံပဲ။ ကျွန်တော့်သူငယ်ချင်းလည်း ပျော်နေတယ်လေ။ သူပျော်တာကိုမြင်ရလေ ကျွန်တော်ကပိုပြီးမြိုသိပ်မိလေ။ လုယူလိုက်ဖို့ဆိုတာ အဝေးကြီး..။

နှလုံးသားရဲ့စကားသံ Onde histórias criam vida. Descubra agora