အပိုင်း ( ၉ )

133 15 16
                                    

>> Unicode <<
~~~~~~~~~~~~

မြူနှင်းများရစ်ဆိုင်းလွှမ်းခြုံထားသည့် မနက်ခင်းတစ်ခုတွင်ဖြစ်သည်။ နေရောင်ခြည်နုနုက ကမ္ဘာမြေပေါ်ကျရောက်လာပါသော်လည်း အအေးဓာတ်ကိုအံတုနိုင်ခြင်းမရှိပေ။

" ကျွန်တော်ဖုန်းဆက်မယ်နော် အာ... လိုင်းမှမမိတာ "

" လိုင်းမိတဲ့နေရာရောက်ရင် ကိုယ်ဆက်လိုက်ပါ့မယ် "

အကို့စကားကြောင့် စောလည်း ကျေနပ်သွားဟန်ဖြင့် ပြုံးရွှင်သွား၏။ လူမစုံသေးတဲ့ကားပေါ်မှာ ကားဒရိုင်ဘာက အထုပ်ပိုးများနေရာချပေးနေကြသလို စပယ်ယာများက ခရီးသည်ခေါ်နေသေးသည်။ ရသလောက်အချိန်လေးမှာ စောလည်း အကို့နားကမခွာချင်သေး။

" ကျွန်တော်ပြန်လာရင် အကိုလာကြိုပေးလို့ရလား "

" အတိကျတော့ ကိုယ်မပြောနိုင်သေးဘူး၊ မင်းသိတဲ့အတိုင်းပဲ၊ လုပ်စရာတွေက ကြိုပြီးစီစဉ်ထားတာမဟုတ်ဘဲ ရုတ်တရက်ပေါ်ပေါ်လာတာလေ "

အသေချာကိုနားလည်တာမို့ စော ခေါင်းလေးတဆတ်ဆတ်ညိတ်ပြီး..

" ကျွန်တော်သိတယ်၊ အကိုအားမှ လာကြိုလေ "

" အေးပါ.. အားရင်တော့ကြိုမှာပေါ့၊ ကားပေါ်တက်တော့ "

" ခဏလောက်နေချင်သေးလို့ "

အကိုက ထပ်မပြောတော့ဘဲ ပြုံးလျက်သာ စောကိုကြည့်နေ၏။ အေးမြသောအရပ်မှာ အကို့ရဲ့အပြုံးတွေဟာ နွေးနွေးထွေးထွေး။ ပြန်ခါနီး ထွေးပွေ့နှုတ်ဆက်ချင်သော်လည်း ရဲတင်းတဲ့စိတ်လေးဟာ အခုများကျတော့ အကို့ရှေ့မယ် မခုတ်တတ်တဲ့ကြောင်ကလေးလိုပင်။

အခုချိန် ထပ်ပြီးဖွင့်ပြောလိုက်ရင် အကိုကျွန်တော့်ကိုငြင်းဦးမလား..။

ကိုယ့်ကိုသာမြဲမြံစွာငေးစိုက်ကြည့်နေတဲ့မျက်ဝန်းများအောက် စောရဲ့ဒွိဟများလည်းပြန့်ကျဲလျက်။ သိစေချင်ရုံပြောပြတာပါဆိုတဲ့စိတ်မျိုးသာထားနိုင်လျှင်တော့ ဒီလောက်ထိစဉ်းစားရမယ်မထင်။

" အကို "

" .... "

" ဒီ‌နေ့လည်း ကျွန်တော်အကို့ကိုချစ်တယ်နော် "

နှလုံးသားရဲ့စကားသံ Where stories live. Discover now