အပိုင်း ( ၆ )

158 14 6
                                    

>> Unicode <<
~~~~~~~~~~~~

ဘဝမှာ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့တဲ့ကောင်ပါ။
မသေခင် မင်းရဲ့ပါရမီဖြည့်ဖက်တော့ဖြစ်ချင်သေးတယ်။

အထပ်ထပ်အခါခါဖတ်နေမိတဲ့စာနှစ်ကြောင်းတည်းမှာ တွေးစရာတွေကအများသား။ လကုန်ဖို့ ရက်ပိုင်းသာလိုတော့သည်။ စောလည်း အိမ်ပြန်ရတော့မည်။

" ဆန်အလှူရှင်ရောက်ပြီတဲ့၊ လာ ငစော.. ငါတို့ ဆန်အိတ်သွားထမ်းစို့ "

လာခေါ်တဲ့ကိုကျော်သစ်က တက်တက်ကြွကြွ။ ကိုထူးသာရဲ့ကဗျာမဆိုသာသော ခံစားချက်အပိုင်းစတွေဖွင့်ဟထားသည့်မှတ်စုစာအုပ်လေးကိုအသာချ။ ပုဆိုးကိုပြင်ဝတ်ရင်း စောဇေယျာ တဲမှလိုက်ထွက်လာခဲ့သည်။

၆ ပြည်ပါသောဆန်အိတ်များအပြင် တစ်ပိဿဆီဘူးများလည်းပါသည်။ အလှူရှင်အမျိုးသမီး၊ သူ(မ)ရဲ့အမျိုးသားနှင့် ကားဒရိုင်ဘာက ကိုထူးသာနှင့်စကားပြောနေကာ တခြားလူများက ဆန်အိတ်သုံးအိတ်စီထမ်းကာ ရွာထဲဝင်သွားကြသည်။ ကားပေါ်မှာနေပြီး ဆန်အိတ်တွေချပေးနေသူကတစ်ယောက်။ သူတို့အဖွဲ့မှာတင် သယ်ဖို့လူအလုံလောက်ရှိတာကြောင့် ရွာသားများကိုထွက်မလာစေတော့ပဲ အိမ်တိုင်ရာရောက်လိုက်ပို့နေကြ၏။

" ဆန်အိတ်က ၆ အိတ်ပဲကျန်တာ၊ ကိုဈာန်တို့နှစ်ယောက်သယ်ပြီးရင် နားပါစေတော့၊ ငါတို့ ဆီဘူးပဲယူသွားတော့မယ် "

" ဟုတ် သွားမယ်‌လေ "

ကိုကျော်သစ်နှင့်အတူ တစ်ပိဿဆီဘူးတွေ လက်နှစ်ဖက်နှင့်ပိုက်ကာ ရွာလမ်းအတိုင်းပြန်ဝင်လာကြ၏။ ကားဝင်လို့မရသည့်လမ်းမို့ လမ်းထိပ်မှာသာရပ်ထားပြီး လူတွေသယ်နေရခြင်းပေ။ သူတို့နှစ်ယောက်လည်း တစ်အိမ်တက်ဆင်း စားဆီတွေလိုက်ဝေပေးရင်း အကို့ကိုတွေ့လိုက်ရသည်။ ဆန်အိတ်သုံးအိတ်ကို ပုခုံးနှစ်ဖက်မှာမျှထမ်းလာတဲ့အကိုဟာ မြေမညီတဲ့လမ်းမှာ ခပ်သွက်သွက်လျှောက်လာ၏။ မိုးအုံ့နေတာကြောင့် သူတို့ထမ်းနေရတာ အမြန်အဆန်။ မဟုတ်လျှင် မိုးရွာချလိုက်သည့်အခါ ဆန်အိတ်တွေစိုသွားနိုင်သည်။

အရောင်ပြယ်ကာ နွမ်းနေပြီဖြစ်တဲ့မိုးပြာရောင်ရှပ်အင်္ကျီနှင့် ပုဆိုးခပ်တိုတိုဝတ်ထားတဲ့အကို့ပုံစံက အတော်လေးဖရိုဖရဲနိုင်သည်။ ရန်ကုန်မှာရှိစဉ်က အမြဲသပ်ရပ်သန့်ပြန့်နေတတ်တဲ့လူကြီးမှဟုတ်ရဲ့လားလို့ပင် တွေးချင်စရာ။ ကိုယ့်အတွေးနှင့်ကိုယ် စောဇေယျာလည်းကြိတ်ပြုံးမိသည်။

နှလုံးသားရဲ့စကားသံ Where stories live. Discover now