အပိုင်း ( ၂ )

144 15 12
                                    

>> Unicode <<
~~~~~~~~~~~~

" ဘာထပ်လိုသေးလဲ ကိုကို "

" မလိုဘူး၊ အရုပ်တွေရော မုန့်တွေရော အယောက်စေ့ရတယ်၊ ငယ်ငယ့်အမျိုးသားကိုလည်း ကျေးဇူးတင်ကြောင်းပြောပေးဦး "

" ရပါတယ်ရှင် ၊ သူက သူ့ယောက်ဖကြည်တယ်‌ဆိုပြီးတော့တောင် ဂုဏ်ဆာနေသေး "

ငယ်ငယ့်စကားကြောင့် ဈာန်သဘောကျကာ ရယ်မိသွားသည်။ လိုက်ထရပ်ခ်ကားပေါ်က ‌ဖောင်းကားနေသည့်မြွေရေခွံအိတ်များကိုကြည့်ပြီး စိတ်ထဲမှာလည်းကြည်ကြည်နူးနူး။ ငယ်ငယ်နှင့်သူ(မ)ရဲ့အမျိုးသားလေးတို့ အလှူပြုလိုက်တဲ့ အရုပ်တွေ၊မုန့်တွေကိုမြင်ရင် ကလေးတွေပျော်သွားကြမှာမလွဲမသွေ။

" ကိုကိုက ဘာလို့ချက်ချင်းပြန်ရတာလဲ၊ ကိုယ့်ညီမကိုပစ်ထားရက်တယ် "

" ကိုယ့်ညီမက ကလေးမှမဟုတ်တော့ပဲ၊ အိမ်ထောင်ရှင်မကြီးဖြစ်သွားပြီ၊ သန့်စင်ကအလိုလိုက်တယ်ဆိုပြီး သိပ်လည်းမဆိုးနဲ့နော်ငယ်ငယ် ကြားလား "

" ကြားပါတယ် ကိုကိုကသာမဆိုးနဲ့ပြောတာ၊ သူကတော့ ငယ်ငယ့်ကို ဆိုးတာလေးမှချစ်တာတဲ့ "

" အေးပါကွာ.. "

" ငယ်ငယ်သွားတော့မယ်၊ မေမေ့ဆီရောက်မှ ဖုန်းခေါ်လိုက်မယ် "

" အေး အေး မေမေ့ကိုဂရုစိုက်နော် "

" ဟုတ်ကဲ့ပါရှင့် "

စောင့်နေတဲ့ Taxi ဆီသို့ တရွေ့ရွေ့လျှောက်သွားတဲ့ညီမဖြစ်သူကို ဈာန် ငေးနေမိသည်။ တစ်ဦးတည်းသောညီမလေးတောင် အိမ်ထောင်ရှင်မကြီးဖြစ်သွားခဲ့ပြီ။ အမေ့သွေးအပြည့်ပါတဲ့ညီမလေးက သိပ်လှလို့ ငယ်ငယ်တည်းက အစ်ကိုကြီးတာဝန်အပြည့်အဝယူပြီး သူ့မယ် ကာကွယ်ပေးခဲ့ရ၊ အူတွေတိုခဲ့ရတာ။ ဖူးစာပါချင်တော့လည်း သူ့ဘဝနှင့်သူဖြစ်သွားတာပဲ။

" သွားမယ်ဦးလေး "

လိုက်ထရပ်ခ်ကားရဲ့ ရှေ့ခန်းမှာဝင်ထိုင်ပြီး ဒရိုင်ဘာကိုအသိပေး‌လိုက်သည်။ ထူးသာပြောထား၍ လူတစ်ယောက်ကိုလည်းဝင်ခေါ်ပေးရဦးမည်။ များစွာသောအခက်ခဲတွေကြားမှာ ဒုက္ခသည်တွေနှင့်တစ်သားတည်းရှိပြီး ဖေးမ,ချင်တဲ့နှလုံးသားပိုင်ရှင်တွေကို သူတို့ကလည်း ဝမ်းမြောက်ဝမ်းသာကြိုဆိုရမယ်မဟုတ်လား။

နှလုံးသားရဲ့စကားသံ Where stories live. Discover now