အပိုင်း ( ၈ )

118 14 24
                                    

>> Unicode <<
~~~~~~~~~~~~

နေ့လယ်ခင်းမှာ ကိုထူးသာနှင့်စောဇေယျာတို့ ကျားကွက်ကစားနေကြရင်း ကိုထူးသာတစ်ယောက်တော့ ခေါင်းကုပ်နေရ၏။ ‌မကုပ်လို့လည်းမရ။ ပွဲစတည်းက သူချည်းထိုးကျွေးနေရတာမို့။ သူတစ်ကြိမ်ရွှေ့ပြီးနောက် စောအလှည့်မှာ ဘေးနားလာထိုင်တဲ့ဈာန်က စောရွှေ့ရမည့်အကွက်ကိုဝင်ရွှေ့သွား၏။

ကျားကွက်ဆိုသော်လည်း သေသေသပ်သပ်မဟုတ်။ ကတ်ထူအမာသားပေါ် ခဲတံနှင့်အကွက်ဖော်ထားပြီး စက္ကူစုတ်လေးတွေနှင့်အကွက်ရွှေ့နေခြင်းသာဖြစ်သည်။

" သန်ဘက်ခါဆို နိုနိုတို့ပြန်ရောက်ပြီနော် ၊ သွားကြိုရဦးမယ် "

ခေါင်းစားနေတဲ့ကိုထူးသာမှာ ဈာန့်စကားကိုလည်း မတုံ့ပြန်အားသေး။ အကြိတ်အနယ်ပြိုင်ပွဲဝင်နေရှာ၏။

" ပြောတာကြားလား "

ဈာန်တမင်စရင်း ကိုထူးသာရဲ့ဒူးကိုလှမ်းကန်တာတောင် ဘာမှပြန်မလုပ်နိုင်။

" မင်းအသာနေစမ်းပါ၊ ဒီမှာ အစားခံရတော့မယ်ဟ "

" ခံလိုက်လေ၊ အသုံးမှမကျဘဲ "

ထိုအချိန် ပေါက်တူးကြီးထမ်းကာရောက်လာသည့် ကိုကျော်သစ်က ချွဲတရွှဲရျွဲဖြင့် ကွပ်ပျစ်မှာဝင်ထိုင်၏။

" ကိုထူးရေ လမ်းကြောင်း လမ်းကြောင်း "

" ဘာလဲ "

" စိုင်းနွန်အမေ မဗိုက်လေ၊ နေထိုင်မကောင်းလို့ ဆေးရုံသွားချင်လို့တဲ့ "

" ဟေ မွေးတော့မှာလား "

" အဲ့လိုတော့မပြောဘူး၊ ခြေလက်တွေရောင်ပြီး နေမကောင်းလို့ ဆေးရုံကြိုတက်ချင်တာဖြစ်မယ်၊ သဲယုလှမ်းပြောတာ "

ကိုထူးသာနှင့်ကိုကျော်သစ်တို့ အချင်းချင်းပြောနေတာကို စောနှင့်အကိုက ငြိမ်ပြီးနားစွင့်နေကြ၏။ စိုင်းနွန်ဆိုတာ တောင်ပေါ်သွားစဉ်ကဆုံခဲ့တဲ့ကလေးလေး။ သူ့အမေကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆေးရုံပို့ဖို့ဆိုလျှင် တောင်ပေါ်ရွာလေးမှာ အရင်သွားခေါ်ရမည်။

" ကိုအောင်ပိုင်တို့က ‌ဘုန်းကြီးကျောင်းရှင်းဖို့ပါသွားကြတယ်၊ မနက်ဖြန်လည်း သူတို့တစ်ဖွဲ့လုံးမအားဘူး "

နှလုံးသားရဲ့စကားသံ Où les histoires vivent. Découvrez maintenant