Part-3

319 29 1
                                    

Unicode

အခု Jungkookရဲ့ တာဝန်က သခင်လေးကို စောင့်ရှောက်ဖို့ဖြစ်သွားသည်။ သခင်မကြီးက သခင်လေးရဲ့ ကိုယ်ရံတော် သုံးယောက် ပြန်မလာမချင်း သခင်လေးကို စောင့်ရှောက်ဖို့ သူ့ကို တာဝန်ပေးလိုက်သည်။

"သား ဒီနေ့ မေမေ သားနဲ့ သဘောတူထားတဲ့ ကောင်မလေးနဲ့ ချိန်းထားတယ် အဲ့ဒါ သား သွားတွေ့လိုက်ပါ.."

"ဟုတ် မေမေ သား သွားတွေ့လိုက်ပါ့မယ်....ဒါနဲ့မေမေ မေမေ စီစဥ်ပေးတဲ့ ကောင်မလေးကို သား သဘောမကျရင် ငြင်းလို့ ရမလား..."

"ငြင်းလို့မရဘူးသား မေမေ ရွေးချယ်ထားတဲ့လူက သာမာန်လူတန်းစားမဟုတ်ဘူး အကောင်းတက အကောင်းဆုံးလူကိုမေမေ ရွေးထားတာ သားသူ့ကို သဘောမကျလည်း ငြင်းလို့မရဘူး..."

Taehyungမျက်နှာ ပျက်သွားသည်။ သူ့မှာ သဘောမကျရင်တောင် ငြင်းခွင့်မရှိဘူး တဲ့။ သခင်မကြီးရဲ့ စကားတစ်ခွန်းက သားဖြစ်သူ အပေါ်မှာရော အားလုံးအပေါ်မှာပါ အရေးပါ အရာရောက်သည်။ ထို့ကြောင့် သခင်မကြီး စကားကို ငြင်းဆန်ခွင့်မရှိ။

"ဒီနေ့ နေ့လည် 12နာရီ Doheeနဲ့ ချိန်းထားတယ် သား သွားတွေ့လိုက်ပါ.."

"ဟုတ်ကဲ့ မေမေ..."

"သား Doheeနဲ့ သွားတွေ့ရင်Jungkook လိုက်ပို့လိမ့်မယ် မေမေ Jungkookကို အကုန်မှာ ပြီးပြီ..."

"ဟုတ်ကဲ့ပါ မေမေ..."

##

Taehyung လေးပင်တဲ့ ခြေလှမ်းတွေနဲ့ Doheeနဲ့တွေ့ဖို့ ကော်ဖီဆိုင်ထဲကို ဝင်လာလိုက်သည်။ သူဝင်လာတော့ Doheeက သူ့ကို လက်လှမ်းပြသည်။ သူလည်း Doheeစီလျှောက်သွားကာ Doheeနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

Jungkookကတော့ Taehyung အနောက်ကနေ ရပ်နေကာ Taehyungနဲ့ သဘောတူထားတယ်ဆိုတဲ့ မိန်းကလေးကို အကဲခက်ကြည့်နေမိသည်။

"တွေ့ရတာ ဝမ်းသာပါတယ် Kim Taehyung ကျွန်မက Kim Doheeပါ..."

ကောင်မလေးက မိတ်ဆက်စကားပြောပြီး သူ့လက် တစ်ဖက်ကို Taehyungရှေ့ထိုးပေးလိုက်သည်။

Taehyungလည်း အလိုက်အထိုက် ဆက်ဆံကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now