Part-35

498 40 6
                                    

Unicode

ခေါက်ဆွဲပန်းကန်လေး ကိုင်ကာ ဝင်လာတဲ့ ထယ်ယောင်းကို မြင်တော့ ဂျောင်ဂုမှာ ချက်ချင်း စောင်ထဲဝင်ကာ လှဲတော့သည်။

"အင်း...ဟင်း...ချမ်း...ချမ်းလိုက်တာ...အင်း.."

"မောင် ဘာဖြစ်လို့လည်း.."

ထယ်ယောင်းမှာ အခန်းထဲဝင်လာတော့ ဂျောင်ဂုစောင်ပုံထဲကနေ ညည်းနေသံကြား၍ ခေါက်ဆွဲပန်းကန်လေးကိုဘေးချကာ ဂျောင်ဂုကို မေးတော့သည်။

"အ...အချစ်...မောင်....အရမ်း..ချမ်းတယ်...မောင့်ကို ဖက်ထားပေးပါ..."

"ဟင်...မောင်ချမ်းတယ် ဟုတ်လား..."

"ဟုတ်တယ် အချစ်ရယ် မောင်အရမ်းချမ်းတယ်...မောင့်ကို ဖက်ထားပေးပါနော်..."

"အင်းအင်း...ဖက်ပေးမယ်.."

ထယ်ယောင်းလည်း ဂျောင်ဂုဘေး ဝင်လှဲကာ စောင်ထဲဝင်၍ ဂျောင်ဂုကိုဖက်ထားလိုက်သည်။

ဂျောင်ဂုမှာ ထယ်ယောင်း စောင်ထဲဝင်ပြီးဖက်တော့ ထယ်ယောင်းရင်ခွင်ထဲတိုးကာ တင်းကြပ်စွာ ဖက်ထားလိုက်သည်။

ထယ်ယောင်းမှာလည်း ဂျောင်ဂု သူ့ရင်ခွင်ထဲတိုးကာ အတင်းအကြပ်ဖက်နေ၍ အသက်ရှူကြပ်လာတော့သl

"မောင်...ငါအသက်ရှူကြပ်နေပြီ ဖက်တာနည်းနည်းလျော့ပါဦး.."

"အချစ်ရယ် မောင်အရမ်းချမ်းနေလို့ပါ....ဟင်း...ဟင်း..."

ဂျောင်ဂုမှာ ထယ်ယောင်းကို မူယာမာယာတွေထုတ်သုံးကာ အတင်းဖက်တွယ်တော့သည်။

!အချစ်ရဲ့ ကိုယ်သင်းရနံ့လေးက မွှေးလိုက်တာ..ဒီအနံ့လေးကို မရှူရှိုက်ရတာတောင်ကြာပြီ...အခုမှပဲ စိတ်ကြိုက်ရှူရှိုက်ရတော့တယ်...အချစ်ရယ် အချစ်နားကပ်ချင်လို့ မောင်မူယာမာယာတွေထုတ်သုံးရတာပါ မောင့်ကိုစိတ်မဆိုးပါနဲ့....!

"မောင်...ငါပြုတ်လာတဲ့ ခေါက်ဆွဲလေးစားလိုက်ဦးလေ...ပြီးရင်ဆေးသောက်ရအောင်လို့..."

"အင်း အချစ်...မောင့်ကို အချစ်ခွံ့ကျွေးပါလား...မောင်အရမ်းချမ်းနေလို့ စောင်ထဲက မထွက်ချင်ဘူး..."

"အင်းပါ ငါခွံ့ကျွေးပါ့မယ်..."

ထယ်ယောင်းတစ်ယောက် ခေါက်ဆွဲပန်းကန်လေးဆွဲယူကာ တစ်လုပ်ပြီးတစ်လုပ်ခွံ့ကာကျွေးနေတော့သည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now