Part-20

337 29 11
                                    

Unicode

ထယ်ယောင်း ထင်သိအတိုင်း နောက်နေ့ရောက်တော့ သခင်မကြီးဟာ သူ့တပည့်တွေကိုခိုင်းပြီး ဂေဟာက ထယ်ယောင်းကလေးလေးကို သွားခေါ်ခိုင်းတော့သည်။

"Hello သခင်မကြီး ကျွန်တော်တို့ ဂေဟာကိုရောက်ခဲ့ပါတယ် ဂေဟာမှူးပြောတာတော့ ကလေးက ဒီမနက်ပဲ ဆုံးသွားလို့ မြေမြှုတ်လိုက်ပြီတဲ့

"ဘာ.... ကလေးက သေသွားပြီဟုတ်လား.."

"ဟုတ်ပါတယ် သခင်မကြီး ကျွန်တော်တို့ကို လည်း ကလေးမြှုတ်ထားတဲ့ နေရာဂေဟာမှူးကိုယ်တိုင် လိုက်ပြ ပါတယ် ကလေးက တကယ် သေသွားတာပါ.."

"အဲ့ဒါလည်း ကောင်းတာပဲ ငါတို့ သတ်စရာမလိုပဲ သေသွားတော့ ပိုကောင်းတာပေါ့.... ဟိုမျိုးမစစ်ရဲ့ သွေးသား မရှိတော့ဘူးဆိုတော့ ငါ့သားအတွက် စိတ်အေးရပြီ..."

"ဟုတ်ကဲ့ သခင်မကြီး.. "

"မင်းတို့ပြန်လာခဲ့ကြတော့..."

>>>>>

ထယ်ယောင်းမှာ တမှိုင်မှိုင်တထွေထွေနှင့် သူ့သားလေးကို သတိရနေတော့သည်။

!ပါပါး သားလေးကို သတိရလိုက်တာ...ပါပါးမှာ သားလေးနာမည်တောင် ပေးခွင့်မရလိုက်ဘူး...ဒါပင်မဲ့လည်း ပါပါး သားလေးကို ပါပါးကိုယ်တိုင် နာမည်လေးတော့ ပေးချင်တယ်...သားလေးက ပါပါးနဲ့ ဒယ်ဒီရဲ့ ချစ်ချင်းတရားတွေကနေ ဖြစ်ပွားလာခဲ့တဲ့ သားလေးမို့သားလေးနာမည်ကို ဆာရန်းလို့ မဲ့ပေးမယ်...ပါပါးရဲ့ ဆာရန်းလေး ဘေးကင်းကင်းနဲ့ ပါပါးလာခေါ်မဲ့ အချိန်ထိ စောင့်နေပေးနော်...!

"သခင်လေး ထမင်းစားလိုက်ပါဦး.."

အိမ်တော်ထိန်းအသံကြားတော့ ထယ်ယောင်းမှာ အားကိုး တကြီးနဲ့ အိမ်တော်ထိန်းကို လှည့်ကြည့်တော့သည်။

"အိမ်တော်ထိန်း ...အိမ်တော်ထိန်း ကျွန်တော့်သားလေးကိုသွားကြည့်ပေးပါ...ကျွန်တော်လေ သားလေးနာမည်မပေးလိုက်ရဘူး...အိမ်တော်ထိန်း ကျွန်တော့်သားလေးဆီလိုက်သွားပြီး ကျွန်တော်ပေးခိုင်းတဲ့ နာမည်လေး ကျွန်တော့်သားကို မှဲ့ပေးခဲ့ပါ...နော်.... အိမ်တော်ထိန်း ကျွန်တော်အကူအညီတောင်းပါတယ်...သားလေးဆီ အိမ်တော်ထိန်း သွားပေးပါ..."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now