Part-24

388 34 10
                                    

Unicode

ဂျောင်ဂုအလုပ်ပြီးတာနဲ့ ထယ်ယောင်းကို သူ့အိမ်ခေါ်လာလိုက်သည်။

ဂျောင်ဂုအိမ်ရောက်တော့ ထယ်ယောင်းမှာ မဝင်ရဲ၍ တွန့်စုတ်တွန့်စုတ်ဖြစ်နေတော့သည်။

"လာလေ အထဲမဝင်ပဲ ဘာလုပ်နေတာလည်း.."

ဂျောင်ဂုပြောမှ ထယ်ယောင်းမှာ ကြောက်ကြောက်လန့်လန့်နှင့်အိမ်ထဲဝင်သွားတော့သည်။

"အခု မင်းက ငါ့အပိုင်ဖြစ်သွားပြီဆိုတော့..ငါခိုင်းတာအကုန်လုပ်ပေးမှာလား..."

"အင်း..."

"ဒါဆို ငါအတွက် ရေတစ်ခွက်အရင်သွားယူ
ပေး..."

ဂျောင်ဂုမှာ ထယ်ယောင်းပြောတော့ ကြောင်တောင်တောင်လေးနှင့် ဂျောင်ဂုကို ပြန်ကြည့်နေတော့သည်။

"ရေသွားယူလေ ဘာလို့ငါ့ကိုရပ်ကြည့်နေတာလည်း..."

"ဟို..ကျွန်တော်မှ နေရာမသိတာ.."

"အဲ့ရှေ့တည့်တည့်​သွားပြီးချိုးလိုက်...."

"ဟုတ်..."

ထယ်ယောင်းမှာဂျောင်ဂုပြတဲ့စီချက်ချင်းသွားတော့သည်။ဂျောင်ဂုမှာတော့ ထယ်ယောင်း ထွက်သွားတဲ့နောက်ကျောပြင်လေးကိုကြည့်ပြီး ရင်ထဲစို့တက်လို့လာသည်။

!မောင့်ရဲ့ အချစ်ရယ်...မောင် အချစ်ကို အကြွေးနဲ့သိမ်းတာမဟုတ်ရပါဘူးကွာ...အချစ် ပင်ပန်းဆင်းရဲနေမှာဆိုးလို့ မောင် ဟိုမိန်းမကြီးလက်ထဲကနေ လွတ်အောင် လုပ်လိုက်တာပါ...မောင်အချစ်ကို ထပ်ပြီးအဆုံးရှုံးမခံတော့ဘူး..မောင့်အချစ်ကို မောင့်နားမှာပဲထားမယ်...ဒါပင်မဲ့ အချစ်ကို ခွင့်လွှတ်လို့တော့ မရသေးဘူး..အချစ်ကမောင်တို့သားလေးကို စွန့်ပစ်ခဲ့တယ်လေ...အဲ့ဒါကြောင့် အချစ်ကို မောင်အပစ်ပေးရဦးမယ်...!

"ရေရပါပြီ.."

ထယ်ယောင်းကမ်းပေးတဲ့ရေကို ဂျောင်ဂုယူကာသောက်လိုက်သည်။ရေသောက်ပြီးတော့ ဂျောင်ဂုထယ်ယောင်းကို စိုက်ကြည့်လိုက်သည်။
အမြဲအရိပ်တကြည့်ကြည့်နဲ့ကြည့်လာတဲ့မျက်နှာလေးကအခုဆို တော်တော်လေး ချောင်ကျသွားတာ တွေ့ရသည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Tempat cerita menjadi hidup. Temukan sekarang