Part-11

277 30 4
                                    

Unicode

နောက်ရက်တွေလည်း ဂျောင်ဂု ထယ်ယောင်းတို့ခြံရှေ့ ကို ရောက်လို့ လာသည်။

ဂျောင်ဂုခြံရှေ့ရောက်လာတော့ မင်ယောင်းက ကြိုကာဆောင့်နေတော့သည်။

"အကို ဂျောင်ဂု ရောက်လာပြီလား..."

"အင်း မင်ယောင်း ထယ် ဘာပြောသေးလည်း..."

"အကိုဂျောင်ဂုကို စာပြန်ပေးလိုက်တယ်...ပြီးတော့သခင်လေးကမှာလိုက်တယ် နောက်နေ့တွေခြံရှေ့ကိုမလာပါနဲ့တဲ့ သခင်မကြီး သိသွားရင် ပြသနာတက်လိုက်မယ်တဲ့...သူပေးလိုက်တဲ့စာကို သေချာဖတ်ပါတဲ့..."

"အင်း မင်ယောင်း ငါသိပြီ.."

"ဒါဆို အကိုဂျောင်ဂုပြန်တော့နော်..ကျွန်တော်လည်း အထဲဝင်တော့မယ်..."

"အေး မင်ယောင်း ကျေးဇူးအရမ်းတင်တယ်...ငါသွားပြီနော်.."

ဂျောင်ဂုတစ်ယောက်စာရတာနဲ့ ​ချက်ချင်းပြန်သွားတော့သည်။ သူ့အိမ်ရောက်မှ ထယ်ယောင်းပေးတဲ့ စာလေးကို ဖတ်ကြည့်လိုက်သည်။

!မောင်...ငါ မောင့်ကို အရမ်းသတိရတယ်...မောင်အခု အစဥ်ပြေပြေရှိနေတယ်မှတ်လား....ငါ့မေမေ မောင့်ကိုပြောခဲ့တဲ့စကားတွေအတွက် မေမေအစား ငါကတောင်းပန်ပါတယ်နော်..အဲ့တုန်းက မောင့်ဘက်ကဝင်ပြီးမပြောပေးနိုင်တဲ့အတွက်လည်းငါ့ကို ခွင့်လွှတ်ပေးပါ....ငါလေ မောင် လာခေါ်မဲ့အချိန်ကို စောင့်နေမယ်နော်..မောင် ငါ့ကို ကျိန်းသေပေါက် လာခေါ်ပါ ငါတို့နှစ်ယောက်ရဲ့ ဘဝလေးကို ဘယ်သူမှ မသိတဲ့နေရာမှာ အခြေချပြီး နေကြမယ်..ငါတို့ရဲ့ ပျော်စရာနေ့ရက်တွေကို ဖန်တီးကြမယ်...အဲ့ဒါကြောင့် ငါ့ကို အမြန်ဆုံး လာခေါ်ပေးပါ.....မင်ယောင်းဖုန်းနံပါတ် ငါဒီစာထဲမှာထည့်ပေးလိုက်မယ်..မောင်လာခေါ်မဲ့နေ့ကြရင် အဲ့ဖုန်းကိုဆက်ပြီး ငါနဲ့အဆက်အသွယ်လုပ်ပါ....အခုတော့ ဒီလောက်ပဲနော်...မောင် လာခေါ်တဲ့နေ့ကြမှ ငါတို့တစ်ဝကြီး ချစ်ကြမယ်...!

စာလေးကိုဆုံးအောင်ဖတ်ပြီး ဂျောင်ဂုမှာပြုံးနေတော့သည်။ ချစ်ရသူရဲ့ လက်ရေးလေးနဲ့ရေးထားတဲ့ စာလေးကို ထပ်ကာထပ်ကာဖတ်ကာ နမ်းရှုံ့နေမိသည်။

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now