Part-21

312 27 13
                                    

Unicode

5နှစ်ခန့်ကြာသော်~~~~~~~

ထယ်ယောင်းမှာ ဆာရန်းသေဆုံးကြောင်းသိရှိပြီးထဲက စိတ်ဝေသနာခံစားရ၍ တော်တော်လေး ကုယူလိုက်ရသည်။ အိမ်တော်ထိန်းနဲ့ မင်ယောင်းမှာ ထယ်ယောင်း စိတ်ဝေသနာခံစားရထဲက ထယ်ယောင်းနားက တစ်ဖဝါးမှ မခွာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

"သခင်လေး ဆေးသောက်ချိန်ရောက်ပါပြီ.."

အိမ်တော်ထိန်း ဆေးယူလာပေးတော့ ထယ်ယောင်းမှာ ဆေးလေးကို လှမ်းယူကာ သောက်လိုက်သည်။

"သခင်လေးက တော်လိုက်တာ အရင်လိုဆေးသောက်ဖို့ကို မပြောရတော့ဘူး.."

အိမ်တော်ထိန်းပြောတော့ ထယ်ယောင်းမှာ အပြုံးလေးနှင့်ပြန်ကာပြောတော့သည်။

"ကျွန်တော်က အရင်ထဲက တော်တာပါနော်.."

"ဟုတ်ပါတယ်ဗျာ သခင်လေးက အရင်ထဲက တော်တာပါ...."

ထယ်ယောင်း ဒီလထဲ စိတ်အခြေအနေတော်တော်လေး ကောင်းလာ၍ အိမ်တော်ထိန်းနဲ့ မင်ယောင်းမှာ ဝမ်းသာနေတော့သည်။

"သခင်လေး ဘာစားချင်လည်း ကျွန်တော် ဘာချက်ကျွေးရမလည်း.."

"အိမ်တော်ထိန်း အစဥ်ပြေတာချက်ပါ ကျွန်တော်အကုန်စားတယ်..."

"ဟုတ်ပါပြီဗျာ ဒါဆို ကျွန်တော် သခင်လေးစားဖို့အကောင်းဆုံးချက်ပေးပါ့မယ်...မင်းယောင်းသခင်လေးကို သေချာကြည့်ထားနော် ငါ သခင်လေးစားဖို့ သွားချက်ပြုတ်ဦးမယ်.."

"ဟုတ်ကဲ့ ဦးလေး.."

ထယ်ယောင်း စိတ်ဖောက်ပြန်လာရင် ထွက်ထွက်ပြေးတက်၍ မင်ယောင်းနဲ့ အိမ်တော်ထိန်းမှာ ထယ်ယောင်းကို အလစ်မပေးရဲ တစ်ယောက်မဟုတ် တစ်ယောက် အနားမှာ အမြဲမပျက်စောင့်ကြည့်ရသည်။ အခုလည်း ထယ်ယောင်း သက်သာလာပြီဆိုပင်မဲ့ စိတ်မချသေး၍ အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရသေးသည်။

"အိမ်တော်ထိန်း မင်းတို့သခင်လေး ဘယ်လိုနေသေးလည်း..."

"အခု တော်တော်လေး သက်သာသွားပါပြီ သခင်မကြီး... အရင်တုန်းကလို ထွက်လည်းမပြေးတော့သလို... အော်အော်ပြီးလည်းမငိုတော့ဘူး...ပုံမှန်စိတ်ပြန်ဖြစ်နေပါပြီ.."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now