Part-19

282 32 13
                                    

Unicode

"ကင်မ်ထယ်ယောင်း ကျက်သရေမရှိငိုမနေနဲ့...မင်ကလေးကို မိဘမဲ့ဂေဟာပို့မှာလား..ငါသတ်ပစ်ရမှာလား နှစ်ခုထဲက တစ်ခုကိုရွေး..."

ထယ်ယောင်းမှာ သူ့အမေကို ကြည့်ကာ မလှုပ်မယှက်နှင့် ကလေးလေးကို ကျစ်ကျစ်ပါအောင်ပိုက်ထားတော့သည်။ ပြီးနောက်ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာချကာ သူ့အမေကို အရဲစွန့်ကာပြောလိုက်သည်။

"ဟင့်အင်း..မေမေပြောသလို ကျွန်တော် တစ်ခုမှမလုပ်နိုင်ဘူး....ကျွန်တော့်သားကို ကျွန်တော်ပဲစောင့်ရှောက်မယ်...မေမေ ကျွန်တော့်သားကို လက်မခံနိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့သားအဖ ဒီအိမ်ပေါ်က ဆင်းမယ်..."

"မင်း အိမ်ပေါ်ကဆင်းသွားတာနဲ့ ငါက ဒီတိုင်း လွှတ်ပေးထားမယ်ထင်နေလား မင်းအကောင်ဘယ်လိုသေသွားရတယ်ဆိုတာမင်းသိတယ်နော်...ငါ့ကို ပေါ့သေးသေးမိန်းမလို့မထင်လိုက်နဲ့.."

ထယ်ယောင်းမှာ ဟိုဘက်လဲလှည့်မရ ဒီဘက်လဲလှည့်မရနှင့် ဘေးကြပ်နာမ်ကြပ်ဖြစ်သွားတော့သည်။

"မေမေရယ် ကျွန်တော် မေမေကို တောင်းပန်ပါတယ် ကျွန်တော့်ကို အသေသတ်ချင်လည်း သတ်ပြစ်လိုက်ပါ...ကျွန်တော့်သားလေးကိုတော့ ဘာမှမလုပ်ပါနဲ့ ကျွန်တော် တောင်းပန်ပါတယ်..."

"မင်းငါ့ကို တောင်းပန်နေလည်း အလကားပဲ ငါဆိုတဲ့ မိန်းမက ငါဆုံးဖြတ်ထားပြီးသားကိစ္စကို ဘယ်တော့မှ ပြင်မှာမဟုတ်ဘူး..."

!မောင်ရယ် ငါ့ကို ကယ်ပါဦး....ငါတို့သားလေးကို မေမေက ရက်စက်တော့မယ်...ငါ ငါ့သားလေးကို မခွဲနိုင်ဘူးမောင်ရယ်....မောင် ငါ့အဖြစ်ကို မြင်တွေ့နိုင်တယ်ဆို ငါ့ကို ကူညီပေးပါ...ငါတို့သားလေး အန္တာရာယ်ကင်းအောင် မောင်က ကူညီပေးပါ...!

"ကင်မ်ထယ်ယောင်း အချိန်မရှိဘူး မင်းမြန်မြန်ဆုံးဖြတ်...အဲ့ကလေးကို မိဘမဲ့ဂေဟာပို့မှာလား ငါသတ်ပစ်ရမှာလား.."

ထယ်ယောင်း တရှုံ့ရှုံ့နဲ့ ငိုနေရာက သူ့အမေစကားကြားတော့ ခေါင်းမော့ကြည့်လာသည်။

"ကျွန်တော့်သားလေးကို မသတ်ပစ်ပါနဲ့ မေမေရယ် မေမေ မိဘမဲ့ဂေဟာကိုပို့မယ်ဆိုလည်း ပို့လိုက်ပါ...ဒါပင်မဲ့ သားလေးကို သွားပို့ရင် ကျွန်တော်ပါလိုက်မယ်...ကျွန်တော် ကိုယ်တိုင် ကျွန်တော့်လက်နဲ့ အပ်ခဲ့မယ်.."

𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~Where stories live. Discover now