Unicode
အခုဆို ထိုတောရွာလေးမှာ နေတာ သူတို့နှစ်ယောက်လုံးနေသားကြနေပြီဖြစ်သည်။ ရွာသူရွာ
သားတွေကလည်း အားလုံးသဘောကောင်းကြ၍ သူတို့နှစ်ယောက်ကို ကူညီဖေးမကြသည်။ ဂျောင်ဂုက ခြံထွက်သီးနှံလေးတွေစိုက်ကာ ရွာထဲကလူတွေကိုဖောက်သည်ပြန်ပေးသည်။ ရွာသူရွာသားတွေကလည်း ဂျောင်ဂုတို့ လင်လင်နှစ်ယောက်ကို ကူညီဖေးမသည့်သဘောနဲ့ ဂျောင်ဂုခြံကထွက်သမျှ အသီးအနှံတွေကို အကုန်ဖောက်သည်ပြန်ယူကာ မြို့မှာ ရောင်းချပေးသည်။ သူတို့နှစ်ယောက်ရဲ့ ဘဝလေးက ထိုရွာကို ရောက်လာမှ ပို၍ ပျော်ရွှင်စရာကောင်းတော့သည်။"မောင်..."
ဂျောင်ဂုအလုပ်လုပ်နေတဲ့နားကို တလှုပ်လှုပ်နဲ့လာကာ ထယ်ယောင်းမှာ ကပ်ချွဲနေတော့သည်။ ကိုယ်ဝန်စရှိထဲက ဘာကြောင့်မှန်းမသိ ဂျောင်ဂုကို အပျောက်မခံချင်၊ ဂျောင်ဂုခြံထဲ အလုပ်ဆင်းလုပ်နေရင်တောင် အနောက်ကနေ တကောက်ကောက်လိုက်ကာ ဂျောင်ဂုအလုပ်လုပ်တဲ့နားမှာ ထိုင်စောင့်နေတက်သည်။
"ထယ် နေပူတယ်လေ အိမ်ထဲမှာ သွားနေပါလား..."
"ဟင့်အင်း ငါ မောင့်နားမှာပဲနေချင်တယ်..."
"နေပူတယ်လေ ထယ်ရယ် မောင် ဒီမြေပေါက်ပြီးတာနဲ့ လာခဲ့မယ်...အိမ်ပေါ်မှာသွားစောင့်နေနော်..."
"ဟင့်အင်း...ငါ မောင့်နားမှာပဲနေချင်တယ်...မောင် မြေပေါက်ပြီးမှ အိမ်ထဲတူတူဝင်မယ်..."
"ဒါဆိုလည်း ဟိုအပင်ရိပ်လေးမှာ ထိုင်နေ ဒီမှာက နေပူတယ်..."
"အင်းမောင်..."
ထယ်ယောင်းတစ်ယောက် ဂျောင်ဂုပြတဲ့ အပင်ရိပ်လေးမှာ သွားထိုင်ကာ ဂျောင်ဂုကိုထိုင်စောင့်နေတော့သည်။ ခဏအကြာ ဂျောင်ဂု မြေပေါက်ပြီးမှ နှစ်ယောက်လုံး အိမ်ထဲဝင်လာကြသည်။
"မောင် ထမင်းစားတော့မလား..."
"အင်း ထယ် စားတော့မယ်.."
"ဒါဆို ငါသွားခူးပေးမယ်နော်..."
"ရတယ် ထယ် မောင့်ဘာမောင်ခူးမယ် ထယ်က ဒီမှာပဲထိုင်နေ..."
ဂျောင်ဂုချက်ချင်း ထကာ ထမင်းသွားခူးတော့သည်။ အားလုံးပြင်ဆင်ပြီးတော့မှ ထယ်ယောင်းကို ထမင်းစားရန် ခေါ်လိုက်သည်။
YOU ARE READING
𝕋𝕠 𝔹𝕖 ℂ𝕠𝕟𝕥𝕚𝕟𝕦𝕖𝕕~~~~~~
Fanfictionသခင်လေးဆိုတဲ့သူဟာ လူကိုအရမ်းပြုစားလွန်းတယ် သခင်လေးက ညှို့အားများရှိနေတာလား သခင်လေး ကြည့်တဲ့ အကြည့်တွေမှာ အရည်ပျော်မတက်ပါပဲသခင်လေးရယ်.....