Chapter 2

137 9 0
                                    


ထိုက်ရွှမ်တိုက်ကြီးတွင် လူသားနှစ်မျိုးနှစ်စားရှိသည်။ ကျင့်ကြံသူများသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ပြုစုပျိုးထောင်နိုင်ရန်၊ မသေနိုင်သော စွမ်းအားများရရှိရန်နှင့် ကောင်းကင်အထိ ပျံသန်းနိုင်ရန် လုံလောက်သောစွမ်းအားကိုရရှိရန် သဘာဝစွမ်းအားကို အသုံးပြုကြသည်။

အမတလမ်းစဉ်သို့ လျှောက်လှမ်းနိုင်ရန် ကျင့်ကြံသူများသည် သဘာဝ၏နိယာမများကို လွန်ဆန်ရမည်ဖြစ်သည်။ အခြေခံအဆင့်သို့ ရောက်ရှိပြီးနောက် ကျင့်ကြံသူ၏ မသေနိုင်သောဝိညာဉ်သုံးပါးနှင့် သေနိုင်သောဝိညာဉ်ခုနစ်ပါးတို့သည် တဖြည်းဖြည်းချင်းပေါင်းစည်းကာ ပြီးပြည့်စုံသော၊ မြင့်မြတ်သောဝိညာဉ်တစ်ခုဖြစ်လာမည်ဖြစ်သည်။ ကျင့်ကြံသူများသည် မသေနိုင်သောနှင့် သေတတ်သောဝိညာဉ်များမပါဘဲ လူဝင်စားခြင်းသံသရာတွင် မပါဝင်နိုင်သောကြောင့် ၎င်းတို့အတွက် နောက်ဘဝသက်တမ်းမရှိပါ။
သူတို့၏ ရုပ်ခန္ဓာများ ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် သူတို့၏ နတ်ဝိညာဉ်များသည် ထွက်သက်သုံးသက်အတွင်း အခြားကိုယ်ခန္ဓာကို မပိုင်ဆိုင်နိုင်လျှင် ကျင့်ကြံသူ၏ သက်တမ်းမှာ ကုန်ဆုံးသွားပေလိမ့်မည်။

မော့ထျန်းလျောင်သည် ဤအခြင်းအရာအားလုံးကို သဘာဝကျကျ သိထားနှင့်ပြီးသားဖြစ်ပြီး၊ သူ၏ ကျင့်ကြံမှုအဆင့်သည် မသေဆုံးမီတွင် အလွန်မြင့်မားနေပြီဖြစ်သည်။ ထို့ကြောင့် နွေဦးမိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သောလ‌ပေါင်းများစွာ မှုန်ဝါးဝါးပျောက်ကွယ်သွားခြင်းမှ ပြန်လည်နိုးထလာသောအခါ မော့ထျန်းလျောင် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

နတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လိပ်ပြာတောင်ပံသကဲ့သို့ ပြင်းထန်သော နွေရာသီ အပူဒဏ်ကို မခံနိုင်သော ရေခဲတုံးတစ်တုံးသကဲ့သို့ ဖြစ်နေ‌လေတော့သည်။ လေတိုက်ခတ်မှု နည်းနည်းလေးတောင်မှ သူ့အား လွင့်ပျံ့သွား‌စေနိုင်သည်။ သို့သော်လည်း သူသည် အမှန်စင်စစ်အသိစိတ်ရှိ‌နေပြီး သူ့အရင်ဘဝ၏ အမှတ်တရများနှင့်အတူ လွင့်မျောနေဆဲဖြစ်သည်။ သူက သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သော် ယန်ဟော့တောင်နှင့် အကွာအဝေးတစ်ခုတွင် ရှိနေသည်ကို တွေ့ခဲ့ရသော်လည်း တခြားတောင်ထိပ်တစ်ခုသို့ လွင့်စင်သွားခဲ့သည်။

ကြောင်ဖြူလေးရဲ့ ကုတ်တိုင်Where stories live. Discover now