Chapter 8

87 10 0
                                    



ကိုယ်တိုင်ကျင့်ကြံရာတွင် ရောင်ဝါသည် အငြိမ်းချမ်းဆုံးဖြစ်သောအခါမှ စွမ်းအင်ကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခြင်းသည် အလွယ်ကူဆုံးဖြစ်သည်။ ထို့ကြောင့် ထိန်းချုပ်မှုကို စီစဉ်ပြီးနောက် မော့ထျန်းလျောင်သည် စားပွဲ၌ထိုင်ကာ စာရင်းစာအုပ်ကို ကောက်ယူဖတ်လိုက်သည်။



သူ့လက်ထဲတွင်ရှိနေသည့် ကြောင်ကလေးသည် နိုးလာပြီး ၀တ်ရုံထဲမှ နှင်းဖြူခေါင်းလေးကို ထုတ်လိုက်ကာ စားပွဲပေါ်မှ အရာများကို ပျင်းရိစွာ မော့ကြည့်လိုက်သည်။ ထို့နောက် ပါးစပ်ကိုဖွင့်ကာ သမ်းနေလိုက်သည်။



မော့ထျန်းလျောင်က ခေါင်းငုံ့ပြီး နမ်းဖို့ ကြိုးစားပေမဲ့ သူ့၀တ်ရုံအောက်စနဲ့ အလှမ်းဝေးနေတာကြောင့် လက်လျှော့လိုက်ရသည်။



"ခြေသည်းလေး နိုးနေပြီပဲ ဗိုက်ဆာနေပြီလား?"



ကြောင်လေးက သူ့ကော်လာနားသို့ ဆွဲတက်လိုက်ပြီး သူ့ပုခုံးပေါ်တွင် နှစ်ကြိမ်ခုန်လိုက်ကာ ခေါင်းကို ငုံလိုက်ပြီး သူ့လက်ထဲက စာရင်းစာအုပ်ကို ကြည့်လိုက်သည် ။



"ဝေါ်ကျင်းမှာရှိတဲ့ လောကီရေးရာတွေက တကယ်ကို ရှုပ်ထွေးတာပဲ"



မော့ထျန်းလျောင်က သူ့ခေါင်းကို လှည့်လိုက်ပြီး ကြောင်ကလေးရဲ့နားရွက်နဲ့ ပွတ်လိုက်သည်။



ကြောင်ကလေးက သူ့နောက်ခြေသည်းတွေကို မြှောက်လိုက်ပြီး မော့ထျန်းလျောင်၏ နားရွက်ကို ကန်ထည့်လိုက်သည်။



ဘာတွေလာရှုပ်နေတာလဲ? ဟင် ဒီထိုင်ခုံက ဘာလို့ ဘာမှ မခံစားရတာလဲ?



မော့ထျန်းလျောင်သည် သားမွေးလုံးလေးက ဘာတစ်ခုမှ ပြန်ဖြေမည်မဟုတ်သည်ကို သိသောကြောင့် စာရင်းစာအုပ်များကို တစ်ချက်ချင်း စစ်ဆေးကြည့်သည်။ စာရင်းစာအုပ်များစွာယူဆောင်လာခြင်းသည် သူ့အား အလျင်လိုသွားလိမ့်မည်ဟု ဒုတိယမျိုးဆက်တပည့်များက ထင်ခဲ့ပုံရသည်။ သို့သော် အသွင်ပြောင်းဝိညာဉ် အဆင့်ရှိသော မော့ထျန်းလျောင်အတွက်တော့ ဤသည်မှာဘာမှမဟုတ်ပေ။

ကြောင်ဖြူလေးရဲ့ ကုတ်တိုင်Hikayelerin yaşadığı yer. Şimdi keşfedin