Chapter 5

76 6 0
                                    


အေးမြကြည်လင်သော မျက်လုံးများသည် မော့ထျန်း‌လျောင်နှင့် မျက်လုံးချင်းဆုံမိရန် အနည်းငယ် ရွေ့လျားသွားသည်။


"ချင်းထုန် မင်းဘယ်တုန်းက ကျင့်စဉ်ထဲက ထွက်လာတာလဲ"


ဂိုဏ်းခေါင်းဆောင်သည် သခင်ကြီးချင်းထုန်ကိုကြည့်ရင်း ပြုံးလိုက်သည်။ သူ၏လေသံသည် အလွန်နွေးထွေးပြီး သခင်ကြီးထျန်းလန်၏ မျက်နှာပေါ်ရှိ သဘာဝကျသော အမူအရာကြောင့်သာ မဟုတ်ပါက သူသည် သခင်ကြီးချင်းထုန်၏ မျက်နှာသာရရန် ကြိုးစားနေသည်ဟု ထင်ကောင်းထင်ရနိုင်သည်။


သခင်ကြီးချင်းထုန်သည် မော့ထျန်းလျောင်ကိုလှမ်းကြည့်ကာ ဂိုဏ်း‌ခေါင်းဆောင်ကြီးထံ လှည့်ပြီးနောက် တဖန် သခင်ကြီရွှမ်ကျီးထံ လှည့်လိုက်သည်။


သခင်ကြီးရွှမ်ကျီးက မသိမသာ နောက်ပြန်ဆုတ်လိုက်ပြီး


"အဟမ်း.. ငါ... နတ်ဂုဏ်ရည်ရှိတဲ့ လူတစ်ယောက်ကို ရွေးထားတယ် မင်းယူချင်လား?"


သခင်ကြီးချင်းထုန်သည် သခင်ကြီးရွှမ်ကျီး၏ ထိုင်ခုံရှေ့တွင် ဒူးထောက်ထိုင်နေသည့် အရည်အချင်းရှိသော လူငယ်ကို ပျင်းရိစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို လွှဲလိုက်ပြီး မော့ထျန်းလျောင်ဘက်သို့ ပြန်လှည့်လိုက်သည်။


"ဒီအားလုံးထဲမှာ သူက အချောဆုံးပဲ"


ဂိုဏ်းခေါင်းဆောင်က မော့ထျန်းလျောင်အား ပြုံးမြဲပြုံးပြလိုက်၏။


"ယန်လျဲ့ရဲ့လက်အောက်မှာ သူ့ကို သင်ယူခွင့်ပေးရင်ကောင်းမလား စဉ်းစားနေတာ"


"သူ့ကို ငါ့ကိုပေး"


ထိုအေးမြသာယာသော အသံသည် မွေးကင်းစအရွယ်ဖီးနစ်ငှက်၏ ချိုမြိန်သော ခေါ်သံနှင့် တူသည်။


သခင်ကြီးချင်းထုန်ပြောသည်ကို ဂိုဏ်းခေါင်းဆောင်က မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်သည်။

ကြောင်ဖြူလေးရဲ့ ကုတ်တိုင်Where stories live. Discover now