Chapter 3

113 6 0
                                    

ယန်ဟော့ တောင်သည် တိုက်ကြီး၏တောင်ဘက်စွန်းတွင် တည်ရှိသောကြောင့် ၎င်းသည် ရှေးရိုးစွဲဂိုဏ်း နှစ်ခုလုံးနှင့်ရော နတ်ဆိုးကျင့်ကြံသူများ စုဝေးရာနေရာများနှင့်ပါ တော်တော်လေးအလှမ်းဝေးပါသည်။

မော့ထျန်းလျောင်သည် ဤနေရာ၌ လိုက်ဖမ်းခြင်းခံရသည့်အချိန်က မှတ်ဉာဏ်တို့ကို ပြန်အမှတ်ရမိသည်။ သူသည် ယခုနေရာသို့မရောက်ခင် ရက်ပေါင်းသုံးဆယ်လောက်က သူ့ရဲ့အဆင့်မြင့် ပျံသန်းရေးသင်္ဘောကို စီးနှင်ခဲ့သည်။

သူသည် ခေါင်းကိုကုတ်ကာ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော ဂျင်ဆင်းကို တူးဖော်ရန် ရည်ရွယ်ချက်ဖြင့် တောင်ပေါ်သို့ ပြန်တက်ရန် လှည့်ပြန်ခဲ့သည်။

ယန်ဟော့တောင်တန်းသည် ထူးဆန်းသော မြေမျက်နှာသွင်ပြင်ရှိသည်။ ဤနေရာတွင် အဖိုးတန်ပစ္စည်းများနှင့် ဝိညာဉ်ဆေးဖက်ဝင်အပင်များစွာ ပေါက်ရောက်နေပါသည်။ ထိုတောင်တွင် နှစ်ရာနဲ့ချီပြီး လွင့်မြောနေထိုင်လာခဲ့‌သော မော့ထျန်းလျောင်သည် ဤနေရာရှိ အဖိုးတန်အရာအားလုံး၏ တည်နေရာများကို ရင်းနှီးကျွမ်း၀င်ပြီးသားဖြစ်သည်။ သို့သော် ဤအချိန်တွင် အဖိုးတန်ပါဝင်ပစ္စည်းများကို လုယက်ခံရမည်မဟုတ်ကြောင်း ခိုင်မာစေရန်အတွက် သူ့တွင် လုံလောက်သော စွမ်းအားမရှိပေ။ သူ့တွင် ထိုပါဝင်ပစ္စည်းများကို ဟန်မပျက် ထိန်းသိမ်းထားနိုင်သည့် သင့်လျော်သော သိုလှောင်မှုကိရိယာများလည်း မရှိသောကြောင့် လူများထံ ရောင်းချရန်အတွက် အဆင့်နိမ့် မီးဂျင်ဆင်းအချို့ကိုသာ တူးဖော်နိုင်ခဲ့သည်။

နောက်ဆုံးတွင် တောင်ပေါ်ကနေ ဆင်းပြီး တောင်ခြေက သေမျိုးများနေထိုင်ရာ မြို့တစ်မြို့ကို ရောက်ဖို့ရန်အလို့ငှာ ရက်အနည်းငယ်လောက် လမ်းလျှောက်ရသည်။

ဆေးဖက်ဝင်အပင်များနှင့် ပါဝင်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားသည့် ကုန်သည်များ လာရောက်ကြသောကြောင့် မြို့လေးသည် အတော်ပင် အသက်ဝင်လှသည်။

မော့ထျန်းလျောင်သည် ဆေးဘက်ဆိုင်ရာ အရောင်းဆိုင်ကိုတွေ့ရှိပြီး မီးဂျင်ဆင်းကို ရောင်းချခဲ့သည်။ သူ၏သိုလှောင်လက်ကောက်ထဲတွင်ရှိ‌သော ငွေသားရာဂဏန်းဖြင့် ထမင်းစားရန် နှင့် ‌ရက်စွဲအကြောင်းမေးရန် စားသောက်ဆိုင်တစ်ဆိုင်ကို လိုက်ရှာခဲ့သည်။

ကြောင်ဖြူလေးရဲ့ ကုတ်တိုင်Where stories live. Discover now