Chapter 11

59 3 0
                                    




ဟောင်ချောင်ကိုဖြတ်ပြီး ဝေါ်ထျန်းလိုဏ်ဂူသို့ရောက်လာသည်။


လှိုဏ်ဂူကအလွန်ကျယ်ဝန်းပြီး ဝေါ်ချင်းလှိုဏ်ဂူထက်ပင် အဆများစွာကျယ်ဝန်းကာ အတွင်းရှိ အဆောက်အဦးများကလည်း ခမ်းနားထည်ဝါလှသည်။ မဏ္ဍပ်များ၊ လှေကားထစ်များနှင့် ထောင်နှင့်ချီသော အိမ်ကြီးများ၊ သက်တံတံတားများနှင့် နဖူးစည်းလိုက်ကာများဖြင့် ချိတ်ဆွဲထားသော အိမ်များ၊ တောင်တန်းများ၊ မြူမှုန်များ နှင့် ကနေသောကြိုးကြာငှက်မှားရှိနေသည်မှာ အလွန်ပင်လှပပါသည်။


ဂူထဲသို့ဝင်ပြီးတဲ့နောက် ယန်လျဲ့ရဲ့တပည့်များက သူ့ကိုလာနှုတ်ဆက်ကြတယ်။


"ယွီဖုန်းမဏ္ဍပ်မှာ ဧည့်ခံပွဲကျင်းပမှာပါ ကျေးဇူးပြုပြီး သခင် ဒီဘက်ကိုကြွပါ"


ဂူသုံးခုတွင် ယွီကျန်းသည် ခြေလျင်သာသွားခွင့်ရှိပြီး ပျံသန်းခွင့်မပြုသောကြောင့် မော့ထျန်းလျောင်က မပျံသန်းနိုင်လျှင်ပင် ရှက်စရာမဟုတ်ပေ။ အရှေ့ဘက်ရှိ ယွီဖုန်းမဏ္ဍပ်သို့ အေးအေးလူလူ လမ်းလျှောက်ထွက်လာခဲ့သည်။


ယွီဖုန်းမဏ္ဍပ်သည် အမိုးမပါသော ပန်းမဏ္ဍပ်ဖြစ်ပြီး အလွန်ကျယ်ဝန်းသည်။ ခြေနိမ့်ထိုင်ခုံနှင့်စားပွဲတွေ အများကြီးရှိပြီး လူတော်တော်များများ နေရာယူပြီးပြီဖြစ်ကာ ပူပူနွေးနွေးထိုင်ရမယ့်ထိုင်ခုံတစ်ခု ရှိနေသည်။


ယန်လျဲ့သည် ဂိုဏ်းခေါင်းဆောင်သခင်ကြီးထျန်းလန်၏ အကြီးဆုံးတပည့်ဖြစ်ပြီး တပည့်မျိုးဆက်များကြားတွင် အမြင့်မားဆုံးသောတပည့်ဖြစ်ကာ သူသည် မီးဒြပ်စင်ထျန်းလင်ကန်း၏ ပါရမီရှင်ဖြစ်သည်။


မူလက အကြီးအကဲသက်ရှိထင်ရှားရှိနေသေးတဲ့အတွက် မွေးနေ့ပွဲက ကြီးကြီးမားမားမဖြစ်နိုင်သော်လည်း ယန်လျဲ့ရဲ့ကျော်ကြားမှုကြောင့် အကြီးတန်းညီအကိုတချို့က သူ့အတွက်ပွဲကျင်းပဖို့ အော်ဟစ်တောင်းဆိုကြပါတော့သည်။ ထို့အပြင် သူကအခြေတည်ဝိညာဉ်အဖြစ်သို့ တက်လှမ်းအောင်မြင်ခဲ့သောကြောင့် အကြီးအကဲကအလွန်ပျော်ရွှင်ခဲ့ပြီး ဤပွဲကိုသဘောတူခဲ့သည်။

ကြောင်ဖြူလေးရဲ့ ကုတ်တိုင်Where stories live. Discover now