Chapter 4

94 8 0
                                    



"ကျွန်တော့်နာမည်က ချီဖုန်းပါ ဂိုဏ်းခေါင်းဆောင်ရဲ့ ဒုတိယမျိုးဆက် တပည့်တွေထဲမှာတော့ အကြီးဆုံးပဲ အားလုံးက ကျွန်တော့်ကို ရှစ်ရှုန်းလို့ ခေါ်နိုင်ပါတယ်"

ရွှင်မြူးစွာ မိတ်ဆက်ပြီးနောက် မျက်လုံးမှေးမှေးနဲ့လူသည် ဂိုဏ်း၏ စည်းကမ်းများကို ဆက်လက် ရှင်းပြနေသည်။

၎င်းတို့၏နယ်မြေအဖြစ် တိမ်ထူထပ်သောဂိုဏ်းက သတ်မှတ်ထားသော တောင်တန်းများကို ကောင်းကင်နယ်မြေများဟုခေါ်သည်။ ပင်မတောင်ထိပ် သုံးခုနှင့် နယ်မြေပေါင်း ခုနစ်ဆယ့်နှစ်ခု ဖြန့်ကျက်လျက် ရှိသည်။ တောင်ထိပ်တစ်ခုစီ၏ ဌာနဆိုင်ရာအကြီးအကဲများသည် ဂိုဏ်းတွင်း အပြင်းထန်ဆုံးသော ကျင့်ကြံသူသုံးဦးဖြစ်ကြပြီး ဆရာများလည်းဖြစ်ကြသော သခင်ကြီး ရွှမ်ကျီး၊ သခင်ကြီး ထျန်းလန် နှင့် သခင်ကြီးချင်းထုန် တို့ ဖြစ်ကြသည်။ သခင်ကြီး ထျန်းလန်သည် ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ဂိုဏ်း၏ အရေးကိစ္စအများစုကို တာ၀န်ယူကိုင်တွယ်ရသည်။

ဒုတိယမျိုးဆက် တပည့် သို့မဟုတ် အခြေခံအဆင့်ရှိလူတို့သည် ခုနစ်ဆယ့်နှစ်ပါးသော နန်းတော်တို့၌ နေထိုင်ကြပြီး၊ ဌာနဆိုင်ရာအကြီးအကဲများ (သို့) ပထမမျိုးဆက်တပည့်သုံးဦး၏ တိုက်ရိုက်တပည့်များသည် သူတို့၏သခင်များနှင့်အတူ တောင်ထိပ်တွင် နေထိုင်ကြရသည်။ ရံဖန်ရံခါ အခြားဒေသများတွင် သွားရောက်ပညာသင်ယူကြရသည်။

ချီဖုန်းသည် ဂိုဏ်းခေါင်းဆောင်ရဲ့ပထမတပည့်၏ ပထမဆုံးတပည့်ဖြစ်သောကြောင့် ဒုတိယမျိုးဆက်တပည့်များကြားတွင် အမြင့်ဆုံးရာထူးကိုရရှိခဲ့သည်။ သူ့ကို ရှစ်ရှုန်းဟု ခေါ်ရန် ပြောဆိုခြင်းသည် သူ့ဘက်မှ ရင်းနှီးကျွမ်း၀င်မှုတစ်ခု အစဖော်လိုက်ခြင်းဖြစ်ပြီး ထိုအသစ်ဝင်လာသူ အများစုသည် တတိယမျိုးဆက်တပည့်များ ဖြစ်လာနိုင်ဖွယ် ရှိနေသောကြောင့် ဖြစ်သည်။ သို့သော် ပထမမျိုးဆက်များ၏ တပည့်များ ဖြစ်လာနိုင်သည့်သူတို့သည် အမြဲတမ်းရှိနေနိုင်သည်။ ထိုအခါမျိုးတွင်တော့ သူသည် ၎င်းတို့အား ရှစ်ဖော်ဟု ရိုသေစွာ ခေါ်ရပေမည်။

ကြောင်ဖြူလေးရဲ့ ကုတ်တိုင်Where stories live. Discover now