Chapter 10

55 7 0
                                    



သူ့လက်ကိုဆန့်ထုတ်ပြီးနောက်မှာ ချင်းထုန်က မိုက်မဲတဲ့အရာတစ်ခုကို သူလုပ်လိုက်မိကြောင်း သတိရလိုက်တယ်။ သူက ဒီလူနဲ့လက်ဖဝါးချင်းရိုက်တမ်း ကစားလေ့ရှိခဲ့သည်။ သူ့လက်ကို ဆန့်ထုတ်ပေးလိုက်သည်ပြီးနှင့် ချက်ခြင်းလက်ကိုလွှဲထုတ်လိုက်သည်။ ပြီးတော့ မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် သူ့လက်ကိုနောက်ပြန်ဆုတ်လိုက်တယ်။


မော့ထျန်းလျောင်က မသက်မသာကျန်ခဲ့ရသည့်သူ့လက်ဖဝါးကို အနည်းငယ်သနားမိသွားသည်။ သခင်ကြီးချင်းထုန်က ပျော့ပျောင်းတဲ့ဆိုဖာဆီသို့လျှောက်သွားကာ ထိုင်လိုက်သည်ကို မော့ထျန်းကအေးစက်သော မျက်လုံးများဖြင့်ကြည့်လိုက်မိသည်။ ထို့နောက် သူ့တွင်မရှိသင့်သော အတွေးများကို ချက်ချင်းဖယ်ထုတ်လိုက်ပြီး တလေးတစားဖြင့် အနားကပ်သွားခဲ့သည်။


"ဘာကိစ္စရှိလို့လဲ?"


ချင်းထုန်က အစေခံပေးလာသော ရေနွေးခွက်ကိုယူကာ လက်ဖက်ရည်ကိုငုံ့သောက်လိုက်သည်။

မော့ထျန်းလျောင်က သခင့်ရဲ့ပါးလွှာသောနှုတ်ခမ်းမှ သူ့အကြည့်များကိုဆုတ်ခွာလိုက်ကာ ခေါင်းငုံ့လျက်


"သခင့်ကိုတင်ပြဖို့ အရေးကြီးကိစ္စရှိလို့ပါ"


ချင်းထုန်က ခွက်ကိုချလိုက်ပြီး သူ့လက်ကိုမြှောက်လိုက်သည်နှင့် ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်ထားသော အစေခံမိန်းကလေးက အခန်းထဲက ချက်ခြင်းထွက်ခွာသွားသည်။


မော့ထျန်းကလမ်းလျှောက်လာရင်း ပျော့ပျောင်းသောဆိုဖာဘေးရှိကော်ဇောပေါ်တွင် ဒူးထောက်ကာ မတ်မတ်ထိုင်လိုက်ပြီး


"ဆရာကြီးရဲ့ ထိုးထွင်းသိမြင်မှုက မီးရှူးမီးတိုင်လိုပါပဲ ဒီတပည့်ဟာ လူပြန်ဖြစ်တယ်ဆိုတာကို သိမြင်နိုင်ခဲ့ပါတယ် ဒီတပည့်ဟာ ဆရာကြီးဆီကို အချိန်မီသတင်းပို့ဖို့ပျက်ကွက်ခဲ့မိပါတယ်"

ကြောင်ဖြူလေးရဲ့ ကုတ်တိုင်Where stories live. Discover now