အပိုင်း (၂၀၂) သရုပ်မှန်ပေါ်သွားခြင်း (၃)

741 85 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၀၂) သရုပ်မှန်ပေါ်သွားခြင်း (၃)

‘ မျှော်လင့်မထားသည့် အနိုင်ရရှိသူ’ ဖြစ်လာသည့်အပြင် ဤဂီတအဖွဲ့သည် နာမည်အကြီးဆုံး လူသိများသည့် ဆရာတစ်ယောက်၏ အစီအစဥ်၏ ရွေးချယ်ခံလိုက်ရ၏။

ထိုဆရာသည် လူငယ်အဖွဲ့ကို Weiboပေါ်တွင် ချီးကျူးထားလေသည်။ ဒါသည် သူအနေဖြင့် Weiboပေါ်တွင် နှစ်အတန်ကြာမှ တစ်စုံတစ်ယောက်ကို ချီးကျူးစကားပြောသည့် ပထမဆုံးအကြိမ်လည်း ဖြစ်လေသည်။

အကျိုးဆက်အနေဖြင့် ဂီတအဖွဲ့သည် နေ့ချင်းညချင်း နာမည်တက်လာလေတော့သည်။ သူတို့သည် ရှုံးထွက်ပြိုင်ပွဲသို့ ဝင်ရမည့်ဆဲဆဲဖြစ်သော်လည်း လူတိုင်းက သူတို့ကို သိနှင့်ပြီးဖြစ်နေ၏။ ထို့အပြင် ဂီတအဖွဲ့၏ခေါင်းဆောင်သည် ထူးထူးခြားခြားချောမောလေသည်။ သို့သော် လက်တစ်ဖက်ထဲရှိသည်က စကားဝိုင်းအကြောင်းအရာကို ပိုထင်ရှားစေတော့သည်။

လက်ရှိတွင် Weibo ပေါ်၌ သူတို့အကြောင်းသာ တမ်းတမ်းစွဲဖြစ်နေကြလေသည်။

ထိုတစ်နေ့ထဲတွင် ချောင်မော့ယွီသည် ရိုက်ကူးရေးပြီးသွားပြီးနောက် မနက်ဖြန် ဂူထဲ၌ ရိုက်ရမည့်အခန်းကို တွေးရင်း အနည်းငယ်စိတ်လှုပ်ရှားနေတော့သည်။

သူမနှင့် ယဲ့ဖေးချန်းတို့၏ဆက်ဆံရေးသည် ရိုက်ကူးရေးအဖွဲ့ကြားတွင် လူသိရှင်ကြားဖြစ်ပြီးဖြစ်သဖြင့် သူတို့သည် ကားတစ်စီးထဲတွင် အတူထိုင်လိုက်ကြသည်။ ယဲ့ဖေးချန်းလက်ထောက် ကျန်းစစ်ထူသည် သူတို့ဆီရောက်လာပြီး ချောင်မော့ယွီကို ပြုံးပြလိုက်ကာ

“မော့ယွီ နင် အွန်လိုင်းမှာ ရှာဖွေမှုအများဆုံးဖြစ်နေတာ အခုပဲ တွေ့လိုက်တယ်”

ချောင်မော့ယွီသည် ဇဝေဇဝါဖြစ်သွားတော့သည်။

ငါတို့ရဲ့ဆက်ဆံရေးကို လူတွေသိသွားကြပြီတဲ့လား။

သူမသည် ဖုန်းကို ထုတ်ယူလိုက်ပြီး ယဲ့ဖေးချန်းသည့် ရှာဖွေမှုအများဆုံးကို ရှာကြည့်လိုက်ရာ _

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)حيث تعيش القصص. اكتشف الآن