အပိုင်း (၂၂၅) ဇာတ်သိမ်း (၁)

726 74 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၂၅) ဇာတ်သိမ်း (၁)

ချောင်မော့ယွီသည် အစီအစဥ်တင်ဆက်သူက စင်ပေါ်ရောက်လာသဖြင့် မှတ်ချင်းများကို ပြီးအောင် မကြည့်လိုက်ရချေ။ သူတို့သည် ညစာစားပွဲ စတင်ကြောင်း ကြေညာလိုက်တော့သည်။

ပထမဆုံး ကော်မတီအကြီးအကဲက မိန့်ခွန်းအရင်ပြောလိုက်၏။ သူသည် ဟာသနှောကာ ယုံကြည်မှုအပြည့်ဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ ပတ်ဝန်းကျင်အခြေအနေသည် ထိုနောက်တွင် ပေါ့ပါးလာတော့သည်။

ချောင်မော့ယွီသည် မှတ်ချက်များကို လျစ်လျူရှုလိုက်ပြီး သူ့မိန့်ခွန်းကို သေသေချာချာ နားထောင်နေလိုက်သည်။

ထိုအချိန်တွင် သူမ၏ဖုန်းမှာ တုန်ခါလာပြန်သည်။

သူမသည် ယဲ့ဖေးချန်းပို့လိုက်သည့်စာကို ငုံ့ကြည့်လိုက်၏။ စာတိုတစ်ကြောင်း သာဖြစ်သည်။

မော့ယွီ မစိုးရိမ်နဲ့နော်၊ ကိုယ် ဖြေရှင်းလိုက်မယ်။

သူမသည် စာဖတ်လိုက်ပြီး ပြုံးကာ စာပြန်လိုက်လေသည်။

“အိုကေ”

ယနေ့ညသည် ဆုပေးပွဲအခမ်းအနားဖြစ်၏။ ထို့ကြောင့်ပင် မိန့်ခွန်းပြောကြားပြီးသည်နှင့် တစ်ပြိုင်နက် အစီအစဥ်တင်ဆက်စသူသည် အဓိကဆုအမျိုးမျိုးကို ထုတ်ဖော်ပြောခဲ့သည်။

ဆုများကို ဆုငယ်များမှ နေ၍ ဆုကြီးများအထိ စီစဥ်ထားသည်။ သူတို့သည့် အကောင်းဆုံး အမျိုးသားနှင့် အမျိုးသမီးဇာတ်ဆောင်များ နှင့် ရုပ်ရှင်ဧကရာဇ် နှင့် ရုပ်ရှင်ဧကရီ ဘွဲ့ထူးရရှိသူများကို နောက်ဆုံးမှ ထုတ်ဖော်ကြပေမည်။

[ဒီနေ့ရဲ့ <<အာရုံဦးရဲ့လင်းရောင်ခြည်>> နဲ့ <<သလဲပင်>> ဇာတ်ကားနဲ့အတူ တောက်မန်ရှန်းဟန် ရုပ်ရှင်တွေဟာ ဆုရရှိသူများဖြစ်တယ်ဆိုတာ ရှင်းလင်းပြီးဖြစ်ပါတယ်၊ ဒီရုပ်ရှင် ၃ခုဟာ ဆုရဲ့ 80% ကို ရယူထားကြပါတယ်၊ အကောင်းဆုံး ဒါရိုက်တာဆုကို << အာရုံဦးရဲ့လင်းရောင်ခြည်>>ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖန်းရွှမ်က ရရှိသွားပါတယ်]

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now