အပိုင်း (၂၀၄) လိုဏ်ဂူထဲကအခန်း (၂)

660 76 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၀၄) လိုဏ်ဂူထဲကအခန်း (၂)

ယွိချန်ရိုက်ကူးရေးသည် ထိုနေ့ည၌ ပြီးစီးသွားပြီး ထုတ်လုပ်ရေးအဖွဲ့သည် မနက်ဖြန်မနက်အစော လေယာဥ် လက်မှတ်ဖြတ်ထားလိုက်၏။

လေယာဥ်ပေါ်ကဆင်းသည်နှင့် အစ်မ၀ူသည် ဖုန်းတစ်ခုကို လက်ခံရရှိခဲ့၏။ ဖုန်းပြောပြီးနောက် သူမသည် ချောင်မော့ယွီကို ဝမ်းပမ်းတသာဖြင့် ပြောပြလိုက်၏။

“ မော့ယွီ နောက်အပတ်ကျရင် ငါတို့တွေ <သလဲပင်> ရိုက်ကူးရေးအဖွဲ့ရဲ့ အမျိုးသမီး နံပါတ်၁ နေရာအတွက် လူရွေးပွဲသွားရမယ်”

ချောင်မော့ယွီ အံ့ဩသွားတော့သည်။

“ အစ်မ၀ူ အစ်မ ဘယ်လိုများ သူတို့နဲ့ အဆက်အသွယ်ရသွားတာလဲ”

သူမသည် မူရင်းဝတ္ထုထဲတွင် ချောင်မော့ယွီက ဤ <သလဲပင်>ရုပ်ရှင်မှတစ်ဆင့် ရုပ်ရှင်ဧကရီအဖြစ် တက်လှမ်းခဲ့သည်ကို သတိရသွားတော့သည်။

သို့သော် ယခုမူ ချောင်မော့ယွီသည် ကံခေခဲ့ရာ အဓိကအမျိုးသမီးဇာတ်ဆောင်နေရာကို မည်သူရသွားမည်ကို အလွန်သိချင်ခဲ့မိသော်လည်း လူရွေးပွဲသို့ ဖိတ်ခံရမည်ကိုတော့ မျှော်လင့်မထားခဲ့ချေ။

အစ်မ၀ူတွင် မျှော်လင့်ချက်ကြီးများရှိနေသည်မှာ သိသာလှပေသည်။

“ မော့ယွီ ဒါက အထူးအခွင့်ရေးတစ်ခုပဲ၊ ငါ နင့်ကို အခုပဲ ဇာတ်ညွှန်းတွေ ပို့လိုက်မယ်၊ နောက်ရက်တွေကျရင် ကြည့်ထားလိုက်၊ နင် ဒီနေရာကို ရဖို့လိုတယ်နော်”

“ ဟုတ်ပါပြီ၊ နောက် နှစ်ရက်အတွင်း ကျွန်မလဲ ရိုက်ကူးရေးတွေအများကြီး မရှိဘူးဆိုတော့ ဒါကို သေချာဖတ်ထားလိုက်မယ်”

ချောင်မော့ယွီ ပြန်ဖြေလိုက်သည်။

လေဆိပ်မှနေ၍ ယဲ့ဖေးချန်းသည် ချောင်မော့ယွီကို သူမအိမ်သို့ တန်းပို့ပေးလိုက်လေသည်။

အခန်းထဲ၌ လော့လော့သည် အန်တီယွီနှင့် သရုပ်ဆောင်တန်း ကစားနေ၏။ သူမသည် လူနာတစ်ယောက်လို ဖျာပေါ်တွင် လဲလျောင်းနေပြီး လော့လော့သည် အသစ်ဝယ်ထားသော အရုပ်နားကြပ်ကို သုံးကာ သူမကို ရောဂါရှာဖွေနေ၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now