အပိုင်း (၂၂၁) ပြိုလဲခြင်း (၃)

633 62 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၂၂၁) ပြိုလဲခြင်း (၃)

ချောင်မော့ယွီသည် တစ်ကြိမ် နှစ်ကြိမ်လောက် တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြုံခဲ့ရသော်လည်း နောက်ထပ် လေးကြိမ်  သို့မဟုတ် ၅ကြိမ်ဆိုလျှင် မည်သို့ဖြစ်လာမည်နည်း။ ချောင်မော့ယွီသည် သူတို့ကို အမြဲလိုလို အလင်းဖွင့်ပေးခဲ့သည်။ သူတို့သည် ဆင်းရဲမွဲတေနေသည့် အခြေအနေတစ်ခုမှ ပျံတက်သွားနိုင်ခဲ့လေသည်။ ယင်းသည် မည်သည့်အဓိပ္ပာယ် ဖြစ်မည်နည်း။

ချောင်မော့ယွီသည် ပါရမီရှင်စစ်စစ် ဟူသည့် အဓိပ္ပာယ်ပင်။

ထို့ကြောင့်ပင် သူတို့သည် ချောင်မော့ယွီကို တနည်းနည်းနှင့် အဘယ်ကြောင့် မဆက်သွယ်ရပေမည်နည်း။

သူမ၏မန်နေဂျာ အစ်မ၀ူသည် များစွာသော တံဆိပ်များ၏ambassador ကမ်းလှမ်းခြင်းခံခဲ့ရသည်။ နောက်ဆုံးတွင် သူမသည် သာမန် တံဆိပ်အတွက် ကမ်းလှမ်းသည့် ambassadorအားလုံးကို ငြင်းပယ်ခဲ့၏။ သူမသည် အဆင့်မြင့် အရည်အသွေးရှိသည့် ambassador ကမ်းလှမ်းချက်ကိုသာ လက်ခံခဲ့သည်။ နှစ်သစ်ကူးပြီးနောက် ချောင်မော့ယွီ၏ အချိန်ဇယားသည် ပြည့်သွားတော့သည်။

လူတိုင်း၏အာရုံစိုက်ခံနေရသည့် ချောင်မော့ယွီသည် ယဲ့ဖေးချန်းနှင့် လော့လော့ တို့နှင့်အတူ ရှိနေ၏။ သူတို့သည် အီကွေတာအနီးရှိ နိုင်ငံများထဲမှ တစ်ခုသို့ ခရီးထွက်ခဲ့ကြသည်။

ယခုတွင် နိုင်ငံအတွင်း၌ နှင်း နှင့် ရေခဲများ၏ ကမ္ဘာကြီးတစ်ခု ဖြစ်နေသော်လည်း အီကွေတာအနီးရှိ နိုင်ငံတွင်တော့ နွေးကာ သက်တောင့်သက်သာ ဖြစ်လှသည်။

ဒါသည် အလည်အပတ်အတွက် သီးခြားကျွန်းလေးတစ်ခု ဖြစ်သည်။ သူတို့သုံးယောက်သည် သမုဒ္ဒရာအနီးရှိ အပမ်းဖြေအိမ်တစ်ခုသို့ ရောက်ရှိလာ၏။ အိမ်မှာ အလွန်သီးသန့်ဆန်ပြီး ပင်လယ်ကမ်းခြေနားတွင် ရှိလေသည်။

ချောင်မော့ယွီသည် ပျင်းရိစွာတစ်ရေးနိုးလာပြီးနောက် ယဲ့ဖေးချန်းနှင့် လော့လော့တို့သည် အခန်းထဲမှာ ထွက်သွားသည်ကို သိလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now