အပိုင်း (၂၁၈) ကိုယ် မင်းကို အဖော်ပြုဖို့လာခဲ့တယ် (၃)

618 69 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၁၈) ကိုယ် မင်းကို အဖော်ပြုဖို့လာခဲ့တယ် (၃)

လမ်းမတစ်ခုရှိပြီး လမ်း တစ်ဖက်တစ်ချက်တွင် အဆောက်အအုံးများ ရှိနေသည်။ လမ်းအလယ်တွင် ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့သည် ဘေးတစ်ဖက်စီ၌ ရပ်နေပြီး အလယ်က လော့လော့သည် သူတို့၏လက်ကို တွဲထားလေသည်။

ချောင်မော့ယွီသည် ပုံကို ညင်ညင်သာသာ ကြည့်လိုက်၏။

“လော့လော့က တော်လိုက်တာ”

သူမသည် သူ့ကို ဖုန်းခေါ်ချင်လိုက်သော်လည်း ညနက်နေပြီကို သတိပြုမိသွား၏။ ထို့ကြောင့် သူမလည်း ခဲတံတစ်ချောင်းကို ရှာလိုက်ပြီးနောက် ပုံဆွဲလိုက်၏။

ပုံထဲ၌ ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့သည် လက်တွဲရင်း တောင်ကုန်းလေးတ်စခုပေါ်သို့ တက်သွား၏။ တစ်ဖက်တွင် လော့လော့သည် ယဲ့ဖေးချန်း၏ပခုံးပေါ်တွင် ထိုင်နေ၏။ သူသည် သစ်ကိုင်းရှည်များကို လှမ်းထိရန် လက်ကို ဆန့်ထား၏။

“ ညီမ အိမ်ပြန်ရဖို့ နောက်တစ်လလောက်လိုသေးတယ်၊ ဒီ ပုံလေးကို လော့လော့ကို ပေးပေးနော်”

ချောင်မော့ယွီသည် ပုံလေးကို ယဲ့ဖေးချန်း၏အိတ်ထဲသို့ ထည့်ပေးလိုက်သည်။

ထိုနေ့ည၌ နှစ်ဦးသားသည် အတူတူ အိပ်လိုက်ကြသည်။ နောက်တစ်နေ့မနက်ခင်းတွင် ချောင်မော့ယွီ၏ဖုန်း မြည်လာချိန်၌ သူ့ဘေးမှ ယောကျ်ားသည် ထွက်သွားနှင့်သည်ကို သတိပြုမိလိုက၏။

သူမသည် ဖုန်းကို ကြည့်လိုက်ပြီး သူမအတွက် သူချန်ထားခဲ့သည် စာကို ဖတ်လိုက်လေသည်။

“မော့ယွီ ဒီနေ့မနက် အရေးကြီးအစည်းအဝေးတစ်ခုရှိလို့ ကိုယ် ညီမနဲ့ မနေပေးနိုင်တော့ဘူး၊ ကိုယ့်ဟာကိုယ် ဂရုစိုက်နော်၊ ပြီးတော့ ကိုယ် အချိန်ရရင် ညီမဆီ ထပ်လာခဲ့မယ်”

ချောင်မော့ယွီသည် ထိုစာကို ဖတ်လိုက်ပြီးနောက် သူမ၏နှုတ်ခမ်းထောင့်များသည် ကွေးတက်သွားတော့သည်။

ငါလေး ဘာမှဖြစ်နေပါဘူးလေ။ သူ ကိုယ်တိုင်တောင် လာစရာမလိုပါဘူး။ ပြီးတော့ နောက်ရက်ကျရင်လည်း အစည်းအဝေးရှိတဲ့ဟာကို ၊ ဒီလိုဆို သူ ငါလေးနဲ့ တစ်နာရီ နှစ်နာရီလောက်ပဲ နေသွားနိုင်မှာပဲ။ ဒါတောင် သူလာခဲ့သေးတယ်ဆိုတော့...

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now