အပိုင်း (၂၁၆) ကိုယ် မင်းကို အဖော်ပြုဖို့ လာခဲ့တယ် (၁)

639 76 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၁၆) ကိုယ် မင်းကို အဖော်ပြုဖို့ လာခဲ့တယ် (၁)

ချောင်မော့ယွီသည် ရန်သူ၏အခြေအနေကို ခန့်မှန်းလာခဲ့၏။ ယဲ့ဖေးချင်းသည် ကိုယ်ကို လှည့်လာချိန်၌ နောက်ဆုံးတွင် သူမ နားလည်သွားတော့သည်။

သူမက ကြောက်ရွံ့မနေသည်ကို မြင်လိုက်ရပြီး ယဲ့ဖေးချင်းသည် မနေနိုင်တော့ဘဲ သိချင်စိတ် ဖြစ်သွားတော့သည်။

“ ဘာလဲ ၊ မင်းက ငါ့ကို မကြောက်ဘူးပေါ့”

ချောင်မော့ယွီသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အခန်းထဲတွင် ပြတင်းပေါက်တစ်ခုနှင့် တံခါးတစ်ချပ်သာ ရှိသည်ကို သတိပြုမိသွားသည်။ ထွက်ပြေးရန် လုံးဝမလွယ်ကူတော့ပေ။ ထို့အပြင် သူမ၏ခွန်အားများသည် မြန်မြန်ဆန်ဆန် နည်းပါးသွားသည်ကို ခံစားမိနေသည်။ သူမ၏မျက်လုံးများသည် လေးလံလာပြီး အိပ်ချင်စိတ်မှာ ပျံ့နှံ့လာလေသည်။

“ ရှင် ကျွန်မကို ဒီလိုခေါ်လာရတဲ့ ရည်ရွယ်ချက်ကဘာလဲ”

ချောင်မော့ယွီ မေးလိုက်၏။

ယဲ့ဖေးချင်းသည် ထိုင်ခုံတစ်လုံးလှမ်းဆွဲကာ ထိုင်ချလိုက်၏။ သူသည် ခြေချိတ်ထိုင်လျက် ပျင်းရိလေးတွဲကာ ပြောလိုက်လေသည်။

“ ငါ မင်းကို ဘာလုပ်မလဲဆိုတာက ငါ့ညီလေးရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်တာလေ”

သူသည် ထိုသို့ပြောရင်း သူ့ဖုန်းကို ဆွဲထုတ်လိုက်ပြီး စပီကာဖွင့်ကာ ယဲ့ဖေးချန်းထံ ဖုန်းခေါ်လိုက်လေသည်။

ဖုန်းသည် ချက်ချင်းနီးပါး ဝင်သွားပြီး ယဲ့ဖေးချန်းက တည်ငြိမ်စွာ ပြောလာ၏။

“ အင်း”

“ ညီလေး ငါပါ”

ယဲ့ဖေးချင်းသည် အလင်းရောင်ကို ကျောပေးထိုင်နေ၏။ နေဝင်ချိန်သည် တောက်ပနေပြီး သူ၏ မည်းမှောင်သည့်ပုံရိပ်နှင့် ရှင်းရှင်းလင်းလင်း ခြားနားနေလေသည်။

“ ငါ့ဘေးမှာ ဘယ်သူရှိနေလဲဆိုတာ မင်း သိချင်နေမှာ သေချာတယ်၊ ဟုတ်တယ်မလား”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now