အပိုင်း (၂၂၇) ဇာတ်သိမ်း (၃)

656 75 0
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၂၂၇) ဇာတ်သိမ်း (၃)

လူအားလုံးသည် ချောင်မော့ယွီ၏ ကလေး၏အဖေမည်သူဖြစ်မည်ကို ဝေခွဲမရဖြစ်နေတော့သည်။ သူတို့သည် ကလေးက ချောင်မော့ယွီနှင့် အမှန်တကယ်ပတ်သက်နေသလား၊ သို့မဟုတ် တစ်စုံတစ်ယောက်က သူမကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်နေသလားဟူသည်ကို စဥ်းစားခဲ့ကြ၏။

သို့သော် ယဲ့ဖေးချန်းသည် ကလေးမှာ သူနှင့် ချောင်မော့ယွီတို့၏ကလေးဖြစ်ကြောင်း ဝန်ခံခဲ့လေသည်။

ယောက်ျားတစ်ယောက်အနေဖြင့် သူ ဝန်ခံလိုက်ကတည်းက ဒါသည် အမှန်တရားဖြစ်ရမည်။ နောက်ဆုံးတွင် ယဲ့ဖေးချန်း၏ အဆင့်အတန်းကို စဥ်းစားကြည့်လိုက် သူ့ကလေးမဟုတ်သည့် ကလေးတစ်ယောက်အတွက် သူသည် အဖေပါဟု ဝန်ခံလိမ့်မည်မဟုတ်ပေ။

စင်ပေါ်တွင် ယဲ့ဖေးချန်းသည် အားလုံးကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ တိတ်တိတ်နေပေးရန် လက်ပြလိုက်၏။ သူသည် ချောင်မော့ယွီ၏လက်ကို ကိုင်ရင်း ပြောလိုက်လေသည်။

“ ကျွန်တော် မော့ယွီနဲ့ တွဲနေတာ လွန်ခဲ့တဲ့ ၃နှစ်ကတည်းကပါ၊ အကြောင်းကြောင်းကြောင့် နောက်ပိုင်း ကျွန်တော်တို့တွေ ခွဲနေခဲ့ရတယ်၊ သူမက ဘာကိုမှမမှုဘဲ ကျွန်တော်တို့သားလေးကို တိတ်တိတ်လေး ပြုစုပျိုးထောင်ပေးခဲ့တဲ့အတင် အရမ်းကို ကျေးဇူးတင်ရပါတယ်၊ အခု နောက်ဆုံးတော့ ကျွန်တော် သူမကို ပြန်ပိုင်ဆိုင်ရလိုက်တဲ့အတွက် အရမ်းကံကောင်းတယ်လို့ ခံစားရပါတယ်၊ ကျွန်တော်တို့ လက်ထပ်ပြီးပါပြီ”

သူ့စကားဆုံးသွားသည်နှင့် စင်ပေါ်မှ ဖန်သားပြင်နှစ်ခုပေါ်တွင် သူနှင့် ချောင်မော့ယွီတို့၏ လက်ထပ်ဓာတ်ပုံများကို ဖော်ပြထားလေသည်။

လက်ထပ်ဓာတ်ပုံများကို slideshow ဖြင့် ပြထား၏။ နောက်ဆုံးနှစ်ပုံမှာ သူတို့သုံးယောက်၏ မိသားစုဓာတ်ပုံများဖြစ်လေသည်။ သို့သော် လော့လော့ကို ဘေးဘက်မြင်ကွင်းနှင့်သာ ပြထား၏။

ယခုတွက် အားလုံးသည် အလွန်အံ့ဩသွားကြသော်လည်း သူတို့အားလုံး နားလည်လိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Où les histoires vivent. Découvrez maintenant