အပိုင်း-၉

3.2K 484 44
                                    

အပိုင်း-၉

မြင့်မိုရ်ဟိုတယ်-၁တွင် ပြုလုပ်မည့် project က အတည်ဖြစ်သွားပြီမို့ လိုအပ်သည့် လုပ်ငန်းစဉ်တွေ လုပ်ပြီးသည့်အခါ နေရာ Foundation လောင်းနေသည့် အဆင့်ကိုပင်ရောက်နေပြီဖြစ်သည်။ လုပ်ငန်းတည်ပြီဆိုသည်နှင့် လူအင်အား ငွေအင်အား အင်တိုက်အားတိုက်ဖြင့် ပြုလုပ်သည်မို့ မြင့်မိုရ် Construction ကလည်း မြင့်မိုရ်ဟိုတယ်ကဲ့သို့ ကြီးမားသည့် အဖွဲ့အစည်း မဟုတ်သည့်ဘဲ ဖွင့်လှစ်ခဲ့သည်မှာ များမကြာသည့်တိုင် နေရာတစ်ခုတွင် နာမည်ရှိနေခြင်းဖြစ်သည်။ရုံးမှာက Site engineer, Architect စသဖြင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်အလိုက် လုပ်ငန်းတာဝန်ခွဲဝေပေးထားတာရှိသော်ငြား Architect တစ်ယောက်ဖြစ်သည့် ရေးရီက Site ပိုင်းကိုလည်း စိတ်ဝင်စားသည်ကြောင့် အားသည့်အချိန်တိုင်း ထိုတာဝန်ကိုပါ ခွဲယူလေ့ရှိသည်။

ခုလည်း မြင့်မိုရ်ဟိုတယ်-၁ တွင် သမ္ဘာ အပ်နှံထားသည့် Paradise ဟု အမည်ပေးထားသည့် သမ္ဘာ့၏ ကိုယ်ပိုင်ကွန်းခိုရာ Site ကလေးတွင်ဖြစ်သည်။ဟိုတယ်မှာတွင်ပဲ ဝေဖြိုးနှင့် နှစ်ယောက်သား နေ့လယ်စာ စားလိုက်ပြီးသည့်နောက် ဟိုတယ်ရှေ့တွင် ရှိနေသည့် နာမည်ကြီး ကော်ဖီဆိုင်လေးတွင် ထိုင်ရင်း ခဏနားဖြစ်ကြသည်။

"ငါတစ်ခုမေးချင်းလို့ ရေးရီ။ မင်း စိတ်တော့မဆိုးနဲ့"

ထုံးစံအတိုင်း အစားမက်သည့် ရေးရီက နေ့လည်စာစားပြီးသည့်တိုင် ကော်ဖီသက်သက်မှာသောက်ခြင်းမဟုတ်ဘဲ သူ့အကြိုက် ချောကလက်ကိတ်က ပါသေးသည်။

"အင်း.. ဘာလဲ"

မေးရမလား။ မမေးရဘူးလား ချီတုံချတုံဖြစ်နေမိသေးသည်။ မနေ့ညက ရေးရီ Club ထဲ ပြန်ဝင်လာပြီး သူတို့ သုံးယောက် ချက်ချင်းပြန်ဖြစ်ခဲ့ကြတာ။ ဒီမနက်ကတည်းက ရေးရီကို အကဲခတ်မိတော့လည်း မည်သည်မှ ထူးထူးခြားခြားဖြစ်နေသည်မရှိဘဲ ပုံမှန်ပဲမို့ ဝေဖြိုး ဘာကိုမှ မခန့်မှန်းတတ်တော့။ သို့ပေမဲ့ သိချင်သည့် စိတ်က ပိုအများသားမို့ မမေးဘဲတော့ လုံးဝမနေနိုင်။

"မင်း..."

"အင်း..."

ရေးရီက သူ့ကို တစ်ချက်အကြည့်ပေးပြီးမှ ကော်ဖီခွက်ကလေးမကိုင်ကာ ပြန်သောက်နေသည်။

ချစ်အတွက် မနက်ဖြန်Where stories live. Discover now